Part 20

7.6K 711 46
                                    

Taehyung တ​ဖြည်းဖြည်း နီးလာတဲ့ Jungkookရဲ့မျက်နှာကိုမျက်လုံးပြူးလျှက်ကြည့်နေလေသည်...နှုတ်ခမ်းချင်းထိလုဆဲဆဲတွင် Taehyungသတိပြန်ဝင်လာကာခေါင်းငုံ့လိုက်ပြီး
Jungkookကိုတွန်းတော့ တစက်မှမရွှေ့...

"Ya မင်းကိုယ်လုံးကြီးကဘာတွေစားထားလို့အဲ့လောက်အားရှိနေရတာလည်း နေမကောင်းတာရောဟုတ်ရဲ့လားဖယ်ပေး"

Jungkookအရှက်သည်းနေတဲ့အကောင်ပေါက်လေးကိုအူယားလွန်းလို့ အကျင့်ပုတ်ပြီးတမင်မဖယ်ပေးခြင်းပင်...

"ဇာတ်ကားတွေထဲမှာဆိုမင်းသားကမင်းသမီးကိုအဲ့လိုလုပ်ရင် မင်းသမီးကမျက်လုံးမှိတ်သွားတယ်လေ မင်းကဘာလို့မမှိတ်ရတာလည်း"

"မျက်လုံးမှိတ်ရအောင်ငါကမင်းသမီးလည်းမဟုတ်ဘူး... ပြီးတော့မင်းနဲ့ငါနဲ့ကလည်းနမ်းမှာမဟုတ်ဖူးလေ"

"နမ်းခဲ့ရင်ရော"

Jungkook အပြောကြောင့်Taehyungခနငြိမ်သွားမိသည်...ပြီးမှမျက်နှာတစ်ခုလုံးရဲလာကာ Jungkookကိုအတင်းတွန်းနေမိတော့သည်...

"ဖယ်မင်းအဲ့လိုလုပ်နေမယ်ဆိုငါပြန်တော့မယ်"

"မေးစရာရှိတာမေးပြီးရင်ဖယ်ပေးမယ်"

"မြန်မြန်မေးကွာ ငါနေရခက်တယ်"

"ပွဲနေ့ကငါမလာတုန်းကအစားထိုးလိုက်တဲ့တစ်ယောက်ကိုသိချင်လို့"

"ငါမသိဘူး"

"ဘာမသိဘူးလည်း သေချာကြည့်မှမင်းနဲ့တော်တော်တူတယ်နော်သူက...အဟင်း"

Jungkook ကသေချာကြည့်ကာပြောလာတော့ Taehyungလန့်သွားပြီး...

"Ya Yaတူစရာလားငါကဒီလောက်ရုပ်ဆိုးတာ"

...ချောက်... (တံခါးဖွင့်သံ)

"Jungkookနဲ့ Tae...."

အခန်းတံခါးဖွင့်ပြီးဝင်လာတဲ့ Jimin က Taehyungနဲ့Jungkookရဲ့အနေအထားကိုမြင်ပြီးပြောစရာစကားတွေပျောက်ကာ ကြောင်ပြီးရပ်နေသည်...

"Jimin na ငါတို့ကမင်းထင်သလိုမဟုတ်ဖူးနော်"

Taehyung က Jimin အထင်လွှဲမှာစိုးပြီးအတင်းရှင်းပြနေပေမယ့် Jungkook ကတော့ပါးစပ်လေးတောင်မဟ...

"ငါနှောက်ယှက်မိပြီထင်တယ် ငါကအစားအသောက်တွေအဆင်သင့်ဖြစ်နေပြီလို့လာပြောတာ...Taehyungမင်းပြောတော့မုန်းတယ်မုန်းတယ်နဲ့ ခုတော့ရင်ခွင်ထဲရောက်နေပါလား ဟိဟိ ငါသွားပြီဆက်လုပ်ဆက်လုပ်"

Hate to Love💜(Complete)Where stories live. Discover now