Part 24

6.9K 652 16
                                    

Taehyung ကျောင်းဆောင်နောက်ကရေကန်ကြီးဘက်ကိုတစ်ယောက်တည်းထွက်လာခဲ့တာဖြစ်သည်...

စာသင်ချင်စိတ်လဲမရှိတာကြောင့်အတန်းထဲလဲမသွားဖြစ်...ဒီနေ့အတန်းထဲမှာပွက်လောရိုက်နေမှာသေချာသလောက်ဖြစ်နေသည်လေ...သူ့Videoကကျောင်းWebsiteမှာပြန့်နေပြီ...ဘယ်ကျောင်းသားကလက်ကမြင်းပြီးVideoရိုက်ထားမှန်းမသိ...

"Jeon Jungkook ယုန်ငတုံးရည်းစားစကားပြောတုန်းကပြောပြီး ခုမှသူငယ်ချင်းလာဖြစ်ချင်နေတယ် ဟွန်း"

Taehyung ရေထဲကိုကျောက်ခဲတွေပြစ်ပေါက်နေပြီး ပါးစပ်ကလည်းပွစိပွစိပြောနေလေသည်...ထိုအချိန်သူ့မျက်လုံးကိုတစုံတယောက်ကနောက်ကနေလက်နဲ့အုပ်လိုက်တာကြောင့်...

"ဘယ်သူလဲ "

"မှန်းကြည့်လေ ဘယ်သူလဲလို့"

"Jihoon လား"

Taehyungပြောလိုက်တော့ ထိုကောင်လေးကမကျေမနပ်လေသံလေးဖြင့်ပြန်ပြောလာသည်...

"ဟာ မင်းကဘာလို့သိနေတာလဲကွာ စလို့လည်းမကောင်းဘူး"

"ကိုယ့်ကိုမုန့်တွေလာလာပေးနေတဲ့ ချင်းဂူးရဲ့အသံကိုမေ့စရာလား "

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါနဲ့Taehyung မင်းကအရမ်းချောတာပဲနော် ကျောင်းကWebsite မှာမင်းပုံတွေကြီးပဲသိလား..."

"အဲ့လောက်တောင်လား "

"အွန်း...ခနကမင်းကိုလှမ်းမြင်လိုက်လို့နောက်က လိုက်လာတာ...ပြီးတော့ ငါမေးချင်တယ် Taehyung...ငါကရောမင်းအတွက်အရေးကြီးတဲ့သူငယ်ချင်းတွေထဲမှာပါလားဟင်..."

Taehyungခနတော့တွေဝေသွားမိသည်...Jihoonကခင်ဖို့အရမ်းကောင်းတာမှန်ပေမယ့် သူတို့ခင်တာကသိပ်မကြာသေးပေ...အဲ့တော့ဘယ်လိုအဖြေပြန်ပေးရမှန်းမသိ...

"သိပါတယ် Taehyung ကငါ့ကိုတကယ်မခင်ဘူးဆိုတာ ငါကပဲအတင်းလိုက်ကပ်နေရတာပါ"

Jihoon မျက်နှာငယ်လေးနှင့် ပြောလာတော့လည်း Taehyungစိတ်ထဲမကောင်း...သူJihoonရဲ့ဆံပင်းလေးကိုဖွလိုက်ကာ...

"Aigoo... Jihoonလေးကစိတ်မကောင်းဖြစ်သွားတာပဲ Jihoonကလည်းငါ့သူငယ်ချင်းပဲလေပါတာပေါ့ကွာ..."

Hate to Love💜(Complete)Where stories live. Discover now