Part 14

6.8K 676 14
                                    

At Taejin Side,

Seokjin က Taehyung မွေးနေ့မှာဘယ်မှာမသွားခဲ့ရတာကြောင့်နောက်ရက်ကျတော့တနေကုန်အတူလျှောက်လည်ပြီးအချိန်ဖြုန်းပေးခဲ့သည်...

Taehyung သွားချင်တဲ့နေရာတိုင်းကို Seokjin ကလိုက်ပို့ပေးခဲ့တယ်...ကစားကွင်းသွားချင်တယ်ဆိုလို့လိုက်ပို့ပေးတော့သူ(th)ပဲဆော့မယ်မှတ်နေတာဘယ်ဟုတ်မလည်းSeokjin ကိုအတူဆော့ချင်တယ်ဆိုပြီးပူဆာတော့သူ့ခမျာမကြီးမငယ်နဲ့အတူဆော့ပေးခဲ့ရသေးသည်...

အခုလည်း Appaနဲ့အတူလမ်းလျှောက်ပြီးစကားပြောချင်သေးတယ်ဆိုလို့သူတို့ဟန်မြစ်ဘေးလမ်းလျှောက်ဖို့လာခဲ့ကြတာဖြစ်သည်...

"Appa နေ့တိုင်းဒီလိုပဲလျှောက်သွားရရင်ကောင်းမှာပဲနော်...ဒီနေ့ကျတော်အရမ်းပျော်တာပဲ ကျတော်အဆောင်တောင်မပြန်ချင်တော့ဘူး"

Seokjin လက်ကိုချိတ်ပြီးမျက်နှာငယ်လေးနဲ့ ပြောလာတဲ့Taehyungကို Seokjinတချက်ကြည့်ပြီးပြုံးလိုက်ကာ...

"အိုက်ဂူး... Appaက Taeလေးအတွက်အလုပ်လုပ်ရဦးမှာလေ...ပြီးတော့ Taeလေးကကျောင်းလည်းမပြီးသေးဘူး Appaလည်း Taeလေးနဲ့နေ့တိုင်းအတူတူနေချင်တာပေါ့"

"ကျတော်အိမ်မှာပဲပြန်လာနေရမလား...Appaနဲ့နေ့တိုင်းတွေ့ရမှာအဲ့ဒါဆို"

"မရပါဘူးကျောင်းနဲ့အိမ်ကအဝေးကြီးပဲ Taeလေးပင်ပန်းမှာပေါ့...နောက်နှစ်မှ Appaကားဝယ်ပေးမယ်လေ ဒီတစ်နှစ်တော့အဆောင်မှာပဲနေလိုက်နော်"

"အွန်းပါ တစ်ပတ်တစ်ခါတော့အိမ်ပြန်လာမယ်နော် Appa"

"Appaကိုယ်တိုင်လာကြိုမယ်ဟုတ်ပြီလား"

"ဟုတ်ကဲ့ Appa"

Taehyung သူ့Appaနဲ့ လမ်းလျှောက်လာရင်းသူတို့နှင့်အကွာအဝေးတစ်ခုမှာ လက်တွဲလျှောက်နေတဲ့ကောင်လေးနှစ်ယောက်ကိုလှမ်းမြင်လိုက်သည်..

"ဝါးးး အခုနောက်ပိုင်း ကောင်လေးအတွဲတွေတော်တော်များများတွေ့နေရပါလား"

Taehyung ပြောလို့ Seokjin လည်းလှမ်းကြည့်လိုက်သည်...

"ချစ်စရာမကောင်းဘူးလား..သားရောကောင်လေးတွေဘာတွေမရှိဘူးလား"

Hate to Love💜(Complete)Where stories live. Discover now