Part 15

6.9K 644 36
                                    

Hoseok တစ်ယောက်စာကြည့်တိုက်ထဲတွင်စီးပွားရေးဆိုင်ရာ စာများကိုလေ့လာဖို့စာအုပ်စင်မှာလိုက်ရှာနေသည်။ ခနနေတော့သူ့အနားကို ကောင်လေးတယောက်ပြေးလာကာ...

"Hoseok Hyung... Hyung အမေမူးလဲလို့ဆေးရုံရောက်နေတယ်တဲ့... Hyung Phကစက်ပိတ်ထားလို့ လူလွှတ်ပြီးပြောခိုင်းလိုက်တာ"

Hoseok ထိုကောင်လေးစကားကြောင့် လက်ထဲမှာယူထားတဲ့စာအုပ်ပြုတ်ကျသွားလေသည်... သူ့ဖုန်းကိုစက်ဖွင့်ကြည့်လိုက်တော့ Miss callပေါင်းများစွာ ဝင်နေသည်...မနေ့ညကသူ့ဆီRM Phတွေဆက်လွန်းလို့ ပိတ်ထားတာပြန်ဖွင့်ရန်မေ့သွားခြင်းပင်...

"ဘယ်ဆေးရုံမှာလဲဟင်.." Hoseokအသံတွေကသိသိသာသာကိုတုန်နေလေသည်...

Hoseok ဆေးရုံနာမည်ကိုကြားပြီးပြီးချင်း စာအုပ်တွေအားပြန်ထားပေးဖို့ထိုကောင်လေးအားအကူအညီတောင်းပြီးပြေးထွက်လာခဲ့တော့သည်...

စာကြည့်တိုက်ရှေ့တွင်...

...ဘုတ်...

Hoseokသူနဲ့တိုက်မိသည့်ကောင်လေးကိုကြည့်လိုက်တော့...

"Hyung ကျတော် Hyungဆီကို"

"ဒီမှာကောင်လေး ငါမင်းနဲ့စကားပြောဖို့မအားသေးဘူး"

Hoseok ဒီအချိန်မှာ RMကိုဂရုမစိုက်နိုင်... Ommaဆီကိုသာစိတ်ရောက်နေတော့လစ်လျူရှုပြီးသာကျောင်းရှေ့ကိုအမြန်လာခဲ့သည်...

"ဒီချိန် Taxiရှိပါ့မလား"

Hoseok Taxiတစီးမှမမြင်တာနဲ့ Bus ကားစီးရန် Busကားဂိတ်သို့သာဦးတည်လိုက်တော့သည်...

Hoseok သူသွားမယ့်ဆေးရုံကိုရောက်မယ့် Bus ကားကိုစောင့်နေချိန်မှာပဲ သူ့ရှေ့တွင်ဆိုင်ကယ်တစီးထိုးရပ်လာသည်...ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးက ဦးထုပ်မှန်ကိုပင့်တင်ကာ...

"Hyung အရေးကြီးတယ်မလား လာတက်ကျတော်လိုက်ပို့ပေးမယ်"

သူ့အားဆိုင်ကယ်ပေါ်တက်ရန်ပြောနေသော RMကြောင့် သူဘာမှမစဉ်းစားဘဲဆိုင်ကယ်ပေါ်တက်လိုက်သည်...

Hate to Love💜(Complete)Where stories live. Discover now