Part 2

9K 789 25
                                    

ရေချိုးခန်းအပြင်ဘက်တွင်...

"ဘာလဲဟ ဒီမှာအသစ်စက်စက်ရည်းစားလေးနဲ့ချိန်း
ထားလို့ တကိုယ်လုံးသနေပါတယ်ဆို အဲ့ရုပ်ဆိုးကောင်
သူရည်းစားမရတိုင်း မနာလိုနေတာအသိသာကြီး"

အဲ့Taehyung ကရုပ်သာဆိုးတာမျက်လုံးလေးတော့လှသား...ရီလိုက်ရင်လည်း Boxy Smileလေးနဲ့ နှာခေါင်းထိပ်ကမှဲ့လေးကလည်းချစ်စရာလေး...Taehyungကသူ(jk)နဲ့သာတွေ့တိုင်းကိုက်နေတာ သူ့သူငယ်ချင်းအပုနဲ့ဆို မျက်နှာကိုဖြီးနေတာပဲ...သူ(th)သာမျက်နှာမမဲဘဲ ဝက်ခြံတွေသာမရှိဘူးဆိုချစ်စရာကောင်းလောက်တယ်....

"Wtf...ငါအဲ့ရုပ်ဆိုးကောင်ကို ချစ်စရာကောင်း
မယ်လို့တွေးနေတာလား အဲ့အတွေးတွေထွက်သွားစမ်း
အဲ့ရုပ်ဆိုးကောင်ကတသက်လုံး ချစ်စရာကောင်းလာမှာ
မဟုတ်ဘူး အပေါက်ကလဲဆိုးသေး...ဟမ့်"

Jungkook ဆက်မတွေးတော့ပဲအ၀တ်အစားလဲပြီးသူ့ရဲ့ချစ်သူအသစ်လေးဆီထွက်လာခဲ့လိုက်သည်...

ဟောတွေ့ပါပြီ....
သူ့ရဲ့ချစ်သူအသစ်လေးက အဆောင်ရှေ့မှာသူ့ကိုရပ်စောင့်နေလေရဲ့....

Jungkook အားကြိုက်လှပါချည်ရဲ့ဆိုပြီး စာတွေပေးလိုက်လက်ဆောင်တွေပေးလိုက်နဲ့....ကောင်လေးလို့သာပြောတာပါသူ့ထက် ၁နှစ်ကြီးတယ် Seniorပေါ့....

Seniorကလည်းချောတော့သူတွဲဖို့
လက်ခံလိုက်တယ်ဆိုပါတော့... Jungkook ထိုကောင်လေးနားကိုရောက်တော့....

" Kookလေး Hyung တို့ဘယ်သွားမလဲ First
Date ဆိုတော့ "

အပြုံးချိုချိုးလေးနှင့်ပြောလာတဲ့ Senior..

" Hyungပဲချိန်းထားပြီး ဘယ်သွားမယ်ဆိုတာကြို
မစဉ်းစားထားဘူးလား"

"Hyungက Kookလေးသွားချင်တဲ့နေရာ
သွားချင်တာဟီးဟီး"

"အဲ့ဒါဆိုရုပ်ရှင်အရင်ကြည့်ရအောင် Iron Man အသစ်တင်ထားတာ အစကသူငယ်ချင်းနဲ့ကြည့်မလို့ ခုHyungနဲ့ပဲကြည့်လိုက်တော့မယ် ပြီးမှသူ့ကိုမုန့်ကျွေးပြီး ချော့လိုက်တော့မယ်"

"Ok Ok Kookလေးသဘော"

Senior ကကားပါလာတာကြောင့် ထိုကားနှင့်ပဲရုပ်ရှင်ရုံသို့ထွက်သွားခဲ့ကြသည်...
.
.
.
Taehyung ရေချိုးခန်းထဲကထွက်လာတော့ Jungkookမရှိတော့ဘူး...မျက်နှာမမြင်ရတာစိတ်ချမ်းသာလိုက်တာ...သူအဝတ်အစားလဲပြီး အဆောင်အောက်သို့ဆင်းလာခဲ့လိုက်သည်....

Hate to Love💜(Complete)Where stories live. Discover now