Part 26 ❗

8K 675 40
                                    

ညနေရောက်တဲ့ထိJungkookကTaehyungကိုရှောင်နေသည်...နေလည်ခင်းလည်းကန်တင်းမလာသူ့(jk) အတန်းထဲသွားကြည့်တော့လည်းမရှိဘူး...

Phဆက်တော့လည်းစက်ပိတ်ထားသည်...တနေကုန်Jungkoolကိုမတွေ့ရတော့ Taehyungစိတ်ထဲမှာဝမ်းနည်းမိသည်...

Jimin ကတော့သူ့ပြောပြတဲ့အတိုင်းသာချော့လိုက် Jungkookစိတ်ဆိုးပြေသွားလိမ့်မယ်တဲ့...နည်းနည်းတော့ရှက်ပေမယ့် Jiminပြောပြသည့်နည်းကိုပဲအားကိုးဖို့Taehyungဆုံးဖြတ်လိုက်လေသည်...

ဒီနေ့ Jiminရဲ့ဆရာပြသင်ကြားမှုတွေကြောင့်Taehyungအခန်းပေါ်ပြန်ရောက်တော့နည်းနည်းမှောင်နေပြီ...အခန်းထဲဝင်လိုက်လည်းမီးမဖွင့်ထားတာကြောင့် Jungkookပြန်မရောက်သေးဘူးဆိုတဲ့အသိက သူ့ကိုပိုဝမ်းနည်းစေသည်...

Taehyungမီးဖွင့်လိုက်တော့...

"အမလေး...လန့်လိုက်တာJungkookရာအခန်းထဲပြန်ရောက်ရင်လည်းမီးလေးဘာလေးဖွင့်ပါလား"

ကုတင်ပေါ်မှာငုတ်တုတ်ကြီးထိုင်နေတဲ့ Jungkookကြောင့်Taehyungလန့်ပြီးအော်မိခြင်းပင်...Jungkookကတော့ဘာမှမပြောဘဲ Taehyungကိုတစ်ချက်သာကြည့်ပြီး ကုတင်ပေါ်လှဲအိပ်လိုက်သည်...

သူ့ကိုမမြင်သလိုလုပ်သွားတဲ့Jungkookကြောင့် Taehyungနာကျင်မိပေမယ့်Jiminပြောတဲ့အကြောင်းများကိုတွေးကာ...

(Fighting Taehyung...မင်းလုပ်နိုင်ပါတယ် Jungkookကိုကလေးလေးနဲ့တူတယ်လို့သာတွေးလိုက် ခုတော့ရေချိုးလိုက်ဦးမယ် ငါ့ကလေးလေးကိုချော့ဖို့ ဟွင်းဟွင်း..)

Taehyungစိတ်ထဲမှာတွေးပြီးသူကြားယောင်မိတာကညနေတုန်းကJiminပြောခဲ့တဲ့စကား...

'''ချော့ဖို့အတွက်အရေးအကြီးဆုံးအချက်က သန့်သန့်ရှင်းရှင်းဖြစ်နေရမယ် အဲ့ဒါမှမင်းကောင်လေးကအနားကပ်ခံမှာလေ ရေချိုးလိုက်တာကအကောင်းဆုံးပဲအနံ့မွှေးမွှေးလေးတွေကပိုပြီးဆွဲဆောင်မှုရှိတယ်"'

Taehyungသူ့ဟာသူတွေးပြီး လေလေးတချွန်ချွန်နှင့်ရေချိုးခန်းထဲဝင်သွားလေသည်...

ရေချိုးခန်းတံခါးပြန်ပိတ်သံကြားမှ Jungkook ပြန်ထထိုင်လာပြီး...

"Taehyung မင်းငါ့ကိုတကယ်မချစ်ပါဘူး ငါကသာတစ်ဖက်သတ်ချစ်ရတာ မင်းကငါ့ကိုအစတည်းကမုန်းနေတဲ့သူပဲ...ဟား..Jungkookမင်းဝဋ်လည်တာ အရင်ကသူများတွေကိုကစားခဲ့လို့ အခုမင်းတကယ်ချစ်တဲ့သူက မင်းကိုလှလှပပကြီးပြန်ကစားနေပြီလေ ခံလိုက်စမ်းJungkook"

Hate to Love💜(Complete)Where stories live. Discover now