Part 13

6.8K 641 15
                                    

At Sunday,

"Yoongi Hyung ထပြီလား Hobie Hyung"

အခန်းထဲကထွက်လာတဲ့ HoseokကိုJiminမေးလိုက်သည်...

"အိပ်နေတုန်းထင်တယ်...ဘယ်သွားမလို့လဲ ဒီနေ့Jimin အရမ်းတွေကြည့်ကောင်းနေပါလား"

"ဟီးYoongi Hyungနဲ့လျှောက်လည်မလို့"

"ငါ့ကျမခေါ်ဘူး မင်းတို့နှစ်ယောက်တည်းသွားမှာပေါ့"

"Hobie Hyungကလည်း...Hyungကမအားဘူးမလား Hyungရဲ့စာကျက်ချိန်တွေ လျော့သွားမှာစိုးလို့ကျ​တော်ကမခေါ်တာပါနော်..."

Jimin ကရိုးသားဟန်လေးနှင့်ရှင်းပြလာတာကြောင့် Hoseok ကသူ့(jm) ပါလေးနှစ်ဖက်ကိုဆွဲလိုက်ပြီး...

"အိုက်ဂူး...Jiminie ပြောတာဟုတ်ပါတယ်ကွာ Hyungကစတာပါ...Hyungအတွက်ပါပိုလည်ခဲ့ဟုတ်ပြီလား..."

Jiminသူ့ရဲ့Eye Smileလေးတွေနှင့်ပြုံးပြလိုက်ပြီး...

"ဟုတ်ကဲ့ Hyung...နောက်တခါ Taehyungရောအကုန်အတူတူလည်ကြမယ်နော်...အခုတော့ကာလနဂါးလေးကိုသွားနိုးလိုက်ဦးမယ်"

Jiminပြောပြီး Yoongiတို့အခန်းထဲသို့ဝင်သွားသည်...အခန်းတံခါးပိတ်သွားသည်နှင့် Hoseok သက်ပြင်ချလိုက်ကာ...

"Jiminရယ်မင်းရဲ့အချစ်တွေကို Yoongiမြင်ပါစေလို့ Hyung ဆုတောင်းပေးပါတယ်ကွာ"

တကယ်တော့Jimin က Yoongi ကိုချစ်နေတာ Hoseok သိနေခဲ့သည်...

အဲ့တာကလည်း Yoongi ကို Jimin ဝန်ခံနေတဲ့အချိန်ကသူ(hs)ရှိနေခဲ့လို့ပင်...

Flash back,

အဲ့နေ့က Hoseok သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး စာကြည့်တိုက်ဘက်သို့ထွက်လာခဲ့သည်...လမ်းမှာ RM ကိုမြင်လိုက်တာကြောင့်သူရုတ်တရက်အပင်နောက်ဝင်ပုန်းလိုက်ရသည်...

(ဒီကောင်လေးအတန်းမရှိဘူးလားမသိဘူး...စာကြည့်တိုက်သွားရင်အဲ့နားကဖြတ်ရမှာ စိတ်ညစ်ပါတယ် ပြီးရင်တောက်လျှောက်လိုက်လာတော့မှာ...တော်ပြီ Yoongiတို့ဆီပဲသွားတော့မယ်..တစ်ရက်လောက်စယမလုပ်ရလည်းဘာမှမဖြစ်လောက်ပါဘူး..)

Hoseok ဆက်မသွားတော့ဘဲနောက်ပြန်လှည့်ခဲ့လိုက်သည်...သူ့ကိုမြင်သွားတဲ့ကောင်လေးတယောက်ကို သတိမထားမိပဲပေါ့...

Hate to Love💜(Complete)Where stories live. Discover now