Part 21⚠️

9.1K 671 63
                                    

မနက်ခင်းTaehyung နိုးလာပြီး သူ့နဲ့မျက်နှာချင်းဆိုင်အိပ်နေတဲ့Jungkookကိုမြင်တော့ မနေ့ညကအဖြစ်အပျက်တွေခေါင်းထဲဝင်လာသည်...

အိပ်ပျော်နေတဲ့ Jungkook အား Taehyung ကြည့်နေရင်း...

"မင်းကအိပ်နေရင်ကလေးလေးကျနေတာပဲ ချစ်ဖို့ကောင်းတယ်"

"ငါကအဲ့လောက်ချစ်ဖို့ကောင်းရင် ဘာလို့အဖြေပြန်မပေးတာလဲ"

ရုတ်တရက်မျက်လုံးပွင့်ကာပြောလာတဲ့ Jungkook ကြောင့် Taehyung သူခိုးလူမိသွားသလို လှဲနေရာမှချက်ချင်းထထိုင်လိုက်မိသည်...

"Ya... Jungkookမင်းအိပ်ပျော်နေတာမဟုတ်ဘူးလား"

"ငါနိုးတာကြာပြီ ငါအိပ်နေတုန်းမင်းများခိုးနမ်းမလားလို့အိပ်ချင်ယောင်ဆောင်နေတာ "

Jungkook ပြီတီတီအပြုံးနဲ့ Taehyung အားကြည့်ပြီးဖြေလိုက်တော့...

"နမ်းစရာလား ဝေးသေး...မင်းကလေခနလေးတောင် ချီးကြူးမခံတဲ့သူပဲ တော်ပြီမျက်နှာသွားသစ်တော့မယ်...ဟမ့်"

Jungkookကိုမျက်စောင်းထိုးကာကုတင်ပေါ်မှဆင်းပြီး နှုတ်ခမ်းဆူလျှက်ရေချိုးခန်းထဲသို့ဝင်သွားတဲ့ Taehyung...

Taehyungရဲ့အပြုအမူလေးတွေကို စောင်ပုံကြားထဲကJungkookကတော့အူတွေယားနေတော့သည်...

Taehyung ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုအရင်ဆင်းလာခဲ့သည်...မနက်စာစားပြီးပြန်မှာဆိုတော့ အဝတ်အစားလည်း လဲမနေတော့ဘူး...ပါလည်းမပါဘူးလေ...

အောက်ထပ်ရောက်တော့ဘယ်သူ့မှမထသေးပုံဘဲ...ထို့ကြောင့် Taehyung တစ်ခုခုအဆာပြေစားဖို့မီးဖိုခန်းဆီဝင်လာတော့...

"အားးးးးးးးးးးးးးးး"

Taehyung အော်သံကြောင့် Jungkook ရေချိုးခန်းထဲကထွက်ထွက်ချင်း မျက်နှာကိုသဘက်နှင့်မြန်မြန်သုတ်ကာပြေးဆင်းလာခဲ့ရသည်...

"Taehyung ဘာဖြစ်တာလဲ"

Jungkookထိပ်ထိပ်ပြာပြာနဲ့မေးလိုက်တော့ Taehyungမီးဖိုခန်းထဲကကုတင်ကိုလက်ညိုးထိုးကာ...

"Ho Hobieနဲ့RM နဲ့အင်္ကျီလည်းမပါဘဲဖက်ထားလို့ ငါလန့်ပြီးအော်မိသွားတာ "

Hate to Love💜(Complete)Where stories live. Discover now