Part 19

7.1K 685 35
                                    

ပွဲနေ့ပြီးကတည်းက Jungkookအဆောင်ကိုပြန်မလာတာဒီနေ့နဲ့ဆို လေးရက်တောင်ရှိသွားပြီ... Taehyung သူတယောက်တည်းရှိတော့လည်း တမျိုးကြီးခံစားနေရသည်...တယောက်ယောက်ကိုလွမ်းသလိုလိုခံစားချက်...ဒါပေမယ့်လည်းသူ့(th)မာနကြောင့် ခံစားချက်ကိုလျစ်လျူရှုထားလေသည်...

နေ့လည်ခင်း Canteen တွင်...

"Taehyungမင်းခုတလောတော်တော် ငိုင်နေပါလား"

Jimin ငေးငေးငိုင်ငိုင်ဖြစ်နေတဲ့Taehyung ကိုအားမရလာလို့ မေးခြင်းပင်...

"ဘာမှမဖြစ်ပါဘူး ပုံမှန်ပါပဲ Jiminရာ"

Taehyungလိမ်လိုက်မိသည်...တကယ်တော့သူJungkookဘာလို့အဆောင်ပြန်မလာတာလည်း တွေးနေတာ...ခါတိုင်းသူတခုခုပြောတိုင်းပြန်ခံပြောတတ်တဲ့Jungkook က ရက်အတော်ကြပျောက်နေသည်လေ...

တကယ်တမ်းစိတ်ဆိုးရမှာသူ(th)မဟုတ်ဖူးလား...အခုတော့သူ့ကိုလာမတောင်းပန်တဲ့အပြင်ပျောက်ချက်သားတောင်ကောင်းနေသေး...

"Ya Taehyung...မင်းကဘာမှမဖြစ်ဘူးသာပြောတာ ခုလည်းငါခေါ်တာမကြားပြန်ဘူး"

"ဖြေးဖြေးအော်ပါ Jiminရယ် ငါ့နားလေးကန်းသွားပါဦးမယ်"

"မင်းကငါမေးတာမှမဖြေတာ"

"ဘာမှမဟုတ်ဘူး ဒီတိုင်းစဉ်းစားစရာလေးတွေရှိနေလို့"

"ဘာလဲ Jungkookကိစ္စပဲလား"

"ငါကသူ့အကြောင်းစဉ်းစားစရာလား အဲ့ကောင်နာမည်ကိုမကြားချင်တာ"

"ရား... ဒါလေးပြောမိတာကိုကပ်ကပ်လန်အောင် ပြန်ရန်တွေ့နေတယ်"

"မသိဘူး မသိဘူးမင်းစားပြီးပြီမလား အတန်းသွားမယ်"

"Yaအတူတူသွားမယ်"

Jimin မှာရုတ်တရက်ထထွက်သွားတဲ့ Taehyungနောက်ကိုမှီအောင် အမြန်ပြေးလိုက်သွားရတော့သည်...

သူတို့နေ့ခင်းအတန်းတက်ပြီးတော့ ညနေပိုင်းအတန်းမရှိလို့ Taehyung နဲ့ Jimin တို့အဆောင်ကိုစောစောပြန်လာခဲ့ကြသည်..

အဆောင်ရှေ့ကိုယောက်တော့ Hoseok ရယ် RM ရယ် Yoongi ရယ်သုံးယောက်သားစုဝေးနေတာကိုတွေ့လိုက်ကြရသည်...

Hate to Love💜(Complete)Where stories live. Discover now