Part 11

6.7K 710 27
                                    

"Omma ကိုခွင့်လွှတ်ဖို့ Appa ကိုသားပြောပေးပါ့မယ်...သား Appaကိုလည်းအစတည်းကမမုန်းပါဘူး ကျတော့ကိုမချစ်ဖူးထင်ပြီးဝမ်းနည်းနေတာပါ...အခုအကြောင်းစုံသိရတော့ Omma ကိုရော Appa ကိုရောသနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ...ဟင့်"

Taehyung အားရအောင်ငိုပြီးမှ မျက်ရည်တွေကိုသုတ်ကာ စာအုပ်ကိုဘီရိုထဲပြန်သိမ်းထားလိုက်တော့သည်...

Ommaပြောသလို Appaလုပ်သေးလားသိချင်တာကြောင့်သူ(th) အိပ်ချင်ယောင်ဆောင်ရဦးမယ်ထင်တယ်...နာရီကိုကြည့်လိုက်တော့စောနေသေးတာကြောင့်Taehyung Ph သုံးနေလိုက်သည်...

ညနည်းနည်းနက်တဲ့အချိန်ရောက်တော့ Appaရဲ့ကားသံကိုကြားလိုက်ရသည်...နာရီကိုကြည့်လိုက်တော့ 11 ကျော်နေပြီ...Taehyung ဖုန်းကိုစာပွဲပေါ်မှာချထားလိုက်ပြီးစောင်ကိုရင်ဘက်ထိခြုံကာဘေးတစောင်းလှဲနေလိုက်သည်...

ခနကြာတော့အခန်းတံခါးဖွင့်သံကြားတာကြောင့် Taehyung မျက်လုံးကိုအလျင်အမြန်မှိတ်ကာအိပ်ချင်ယောင်ဆောင်လိုက်သည်...

Seokjin အိပ်ပျော်နေတဲ့သားဖြစ်သူအနားကိုသွားပြီး ကုတင်ပေါ်မှာဘေးတစောင်းထိုင်လိုက်သည်... သူ(sj) Taehyung ရဲ့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်ပေးလိုက်ပြီး...

"Taeလေး...Appa အများကြီးလွမ်းနေခဲ့တာ သားအဆောင်နေတဲ့နေ့ကစပြီး Appaညဘက်မှကြည့်ရတဲ့ မျက်နှာလေးကိုတောင်ကြည့်ခွင့်မရတော့ဘူး...Appaကိုမုန်းတာသိပေမယ့် သားOmmaရဲ့မကောင်းကြောင်းတွေလည်း Appaမပြောရက်ဘူး...သားကOmmaကိုအရမ်းချစ်တာသိနေလို့လေ...သားနားလည်နိုင်မယ့်နေ့ကို Appa စောင့်နေပေးပါ့မယ် ချစ်တယ်Appaရဲ့ Tae လေး..."

Taehyung ရဲ့နဖူးအားခပ်ဖွဖွနမ်းလိုက်တဲ့Seokjin...ခနမျှသူ့သားလေးရဲ့မျက်နှာကိုဝအောင်ကြည့်ပြီးမှ Seokjin ပြန်ထွက်သွားသည်...

တံခါးပိတ်သံကြားပြီးသည်နှင့်Taehyungမျက်လုံးပွင့်လာကာဝမ်းသာမျက်ရည်တွေကျလာသည်...

"သားလည်း Appa ကိုချစ်ပါတယ်..."
.
.
.

At Other Side,

"Daddy ကျတော်မေးစရာရှိတယ် အမှန်တိုင်းဖြေမှာလား"

Hate to Love💜(Complete)Where stories live. Discover now