Part 4

7.4K 718 29
                                    

Yoongi နဲ့ Jimin တို့Basket ballကွင်းသို့နှစ်ယောက်အတူထွက်လာခဲ့သည်...

နှစ်ယောက်အတူလျှောက်ရင်းသူတို့လက်တွေကအချင်းချင်းတိုက်မိနေကြသည်...တကယ်တော့ Jimin ဘက်ကတမင်လုပ်နေတာ...

Yoongi ကတော့ဘာမှမဖြစ်ပေမယ့် Jimin ရင်ထဲမှာရထားအစီးတစ်ရာလောက်ဖြတ်မောင်းသွားသလိုဆူညံနေလျှက်...

ရုတ်တရက် Jimin မနေနိုင်တာနဲ့အရဲစွန့်ပြီး...

"Yoongi hyung"

"Omm Jimin ပြောလေ"

"ကျတော် Hyung နဲ့လက်တွဲပြီးလျှောက်ချင်လို့"

Jimin အပြောကြောင့် Yoongi ကြောင်သွားသည်..ပြီးမှ...

"ဟားဟား Jiminရယ် ကောင်လေးနှစ်ယောက်လက်တွဲလျှောက်တာကကြည့်မကောင်းဘူးလေ"

"Taehyung ကရော Taehyung လည်းကောင်လေးပဲလေ...ကျတော်လည်း Taehyung နဲ့အသက်အတူတူပဲကို ဘာလို့မရတာလဲ.."

တခါတလေ Taehyung က Yoongi လက်ကိုဆွဲပြီးလျှောက်တာတို့ Yoongi က Taehyung အားလက်တွဲပြီးခေါ်ပေးတာတို့ကို Jimin မြင်ဖူးနေကျမို့လို့မေးလိုက်ခြင်းပင်...

"ဟို....Taeကကိုယ့်ညီလေးပဲလေ Jiminရယ်ဘာလို့အဲ့လိုတွေပြောနေရတာလဲ"

"မလိမ်ပါနဲ့ မလိမ်တတ်ဘဲ... Taehyung ကို Hyung ညီလေးတယောက်ထက်ပိုတဲ့စိတ်ရှိနေတာကျတော်သိတယ်..."

Yoongi ဘာဆက်ပြောရမှန်းမသိလောက်အောင်ကိုလန့်သွားသည်...

(ဘာလဲ Jiminကတကယ်သိနေတာလား အဲ့တာဆို Taeလေး...Taeလေးရော ရောသိနေပြီလား"

Yoongi အတွေးတွေကို Jimin ကြားနေသည့်အလား...

"မပူပါနဲ့ Taehyung မသိပါဘူး Taehyungကအဲ့လိုနေရာတွေဆိုအရမ်းတုံးတာ"

"မင်း... မင်းကရောဘယ်လိုသိတာလဲ"
Yoongi စကားတွေပါထစ်ကုန်သည်...

"Hyung ရယ်စကားတွေတောင်ထစ်ကုန်ပြီ Hyungရဲ့ အချေ image လေးတွေပျက်ကုန်ပါဦးမယ်..."

Jiminအောင်နိုင်သူလိုတခွီခွီရီနေတော့သည်...Jiminမျက်လုံးထဲမှာ Yoongiကအရမ်းချစ်စရာကောင်းနေတာကိုး...

"မထစ်ပါဘူးငါကအံ့သြသွားတာ Hoseokတောင်မသိတာကို မင်းကသိနေတာဆိုတော့"

Hate to Love💜(Complete)Where stories live. Discover now