C-211

796 34 1
                                    

အခန်း ၂၁၁

နေလုံးကြီးက ကောင်းကင်ထက်တွင် တောက်ပနေလေ၏ ။

သစ်တော်ထဲတွင် လီနင်အင်္ကျီဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်ရှိသည် ။ သူ၏ ဘယ်လက်ကို ဒီအတိုင်းချထားပြီး ညာဘက်လက်တွင်တော့် တပ်စတစ်ထောင် ဓါးမော့ကို ကိုင်ထားလေ၏ ။ ဓါးသွားထိပ်ဖျားက မြေပြင်ပေါ်သို့ ထိနေပြီး အရှည်မှာ ခုနှစ်ပေ နှင့် နှစ်လက်မရှိသည် ။

ရီယွမ်က ထိုအတိုင်း မလှုပ်မယှက် ကျောက်ရုပ်ပမာ ဆယ့်ငါးမိနစ်ခန့် နေလိုက်သည် ။ ထိုအချိန်တွင် ရီယွမ်၏ ခန္ဓာကိုယ်ထဲရှိ နေရောင်ခြည်ယန်စွမ်းအင်များက လှိုင်းလုံးများပမာ တဝုန်းဝုန်း ရိုက်ခတ်စီးဆင်းလျက်ရှိသည် ။

နေ့မွန်းတည့်ချိန် ဖြစ်သည့်အတွက် နေရောင်ခြည်ယန်စွမ်းအင်များ အလွန်အားကောင်းလျက်ရှိသည် ။

ထိုအချိန်တွင် ရီယွမ်က ဆတ်ခနဲ လှုပ်ရှားလိုက်သည် ။

ဝုန်း

ရီယွမ်၏ ခန္ဓာကိုယ်ထဲမှ နေရောင်ခြည်ယန်စွမ်းအင်များက မီးတောင်မှ နဂါးတစ်ကောင်ပျံထွက်လာသလို ပေါက်ကွဲထွက်လာခဲ့ကြသည် ။ ရီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အရိပ်များသဏ္ဍာန်အဖြစ်သာ မြင်တွေ့နေရပြီး သူ့ရှေ့ရှိ မိုးထိုးမတတ် ထောင်မတ်နေသော ချောက်ကမ်းပါးကြီးဆီသို့ ဦးတည်ပြေးဝင်သွားသည် ။

ဆွစ် …

ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သလို ရီယွမ်၏ ခန္ဓာကိုယ်က နေရောင်ခြည်များနှင့် တစ်သားတည်းအဖြစ် ပေါင်းစည်းသွားကြသည် ။

လခြမ်းကွေးပုံ အလင်းတန်းလေးတစ်ခု ပြင်းထန်စွာ ကျဆင်းသွားပြီးနောက် ချောက်ကမ်းပါးကြီးဆီသို့ အရှိန်ဖြင့် ဝင်ဆောင့်သွားသည် ။

ဝုန်း …

ဆယ်စက္ကန့်ခန့်အကြာတွင်  အလင်းတန်းများ ဖုန်မှုန့်များ အဝေးသို့လွင့်စင်ထွက်သွားကြသည် ။ ရီယွမ်အရှေ့ရှိ ချောက်ကမ်းပါးကြီးက ဆယ်မီတာခန့်မြင့်သော်လည်း ထိပ်မှ အောက်ခြေထိတိုင်အောင် ပေါ်ထွက်နေသော ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခုကို မြင်တွေ့နေရသည် ။

True Martial World (BOOK 15-16) Where stories live. Discover now