C-221

143 23 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၂၁

“နိုင်ပွဲဆက်ခြင်း”

ဟောင်ဒုန်အဖွဲ့အစည်းမှ အသက် ၁၃ နှစ်အရွယ် လူငယ်များက အတူတကွ စုရုံးနေကြသည်။ သူတို့က ရီယွမ်၏ အားနည်းချက် အားသာချက်များကို သူတို့မြင်သလောက် သုံးသပ်ပြီးသည့်နောက်တွင် မဟာဗျူဟာကြီးတစ်ခုကို ချမှတ်လိုက်သည်။

ဓါးသမားတစ်ယောက်၏ အစွမ်းက ဓါးပင် ဖြစ်သည်။ ဓါးမရှိသော ဓါးသမားတစ်ယောက်အနေဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားပေလိမ့်မည်။ ရီယွမ်သည်လည်း ထို့အတူပင် … အုတ်ခဲသမား တစ်ယောက်ဖြစ်သည့်အတွက် အုတ်ခဲမရှိပါက …..

သူတို့၏ အကြံက ရီယွမ်လက်ထဲမှ အုတ်ခဲကို အရင် ထိန်းချုပ်ရန် ဖြစ်သည်။ ပြီးမှ ရီယွမ်ကို တရကြမ်း တိုက်စစ်ဆင်ကြမည် ။ ထိုသို့ဆိုပါက မနိုင်စရာ အကြောင်းမရှိတော့ပေ။

လူငယ်များ သူတို့၏ ထင်မြင်ချက်များကို ကောက်ချက်ချပြီးသည့်အချိန်တွင် အေးစက်တင်းမာသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ကောင်တွေ အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း”

ဟောင်ဒုန်အဖွဲ့အစည်းမှ လူငယ်များ အံ့သြသင့်သွားကြသည် ။ ဘယ်ကောင်ကများ လူပါးဝပြီး သူတို့ကို ပါးစပ်ပိတ်လို့ အမိန့်ပေးရဲတာလဲ။

ထိုလူကတော့ သူတို့အဖွဲ့အစည်း၏ ခေါင်းဆောင်ကြီး လီဟောင်ပင် ဖြစ်သည်။

လီဟောင်၏ မျက်နှာပေါ်တွင် သေချင်စော်နံနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေကြသည်။ ဟောင်ဒုန်အဖွဲ့အစည်းတွင် လီဟောင်၏ အာဏာက အကြီးမားဆုံးပင်။

“စောင့်ရူးတွေ … မင်းတို့အားလုံး ငါ့ရှေ့မှာတောင် အရူးလို လုပ်နေကြတုန်းလား”

လီဟောင်၏ မျက်နှာက သုန်မှုန်နေပြီး သူ၏ လေသံတွင် ဒေါသတရားများ စွက်ဖက်ပါဝင်နေသည်။

လီဟောင်၏ စကားများကို ကြားလိုက်ရသောအခါ ခနက စကားပြောနေကြသော လူငယ်များအားလုံး တိခနဲရပ်ကာ အံ့သြသင့်သွားကြသည်။

True Martial World (BOOK 15-16) Where stories live. Discover now