C-215

166 24 1
                                    

အခန်း ၂၁၅

" လူသစ်တန်း သိုင်းပြိုင်ပွဲ စတင်ခြင်း"

နတ်ဘုရားခန်းမက တိုင်အီနတ်ဘုရားမြို့တော်၏ မြောက်ဘက်ယွန်းယွန်းတွင် တည်ရှိ၏ ။ ထို့ကြောင့် မြောက်ပြန်လေများ အမြဲတစေ တိုက်ခတ်နေခြင်းကြောင့် အမြဲတစေ ချမ်းစိမ့်နေလေ၏။ ယနေ့ညတွင်တော့ မြောက်ပြန်လေများက အခါတိုင်းထက် ပိုမိုတိုက်ခတ်သောကြောင့် နှင်းမုန်တိုင်းများ ပြင်းထန်စွာ ဖြစ်ပေါ်လာနေ၏ ။ တိုင်အီ နတ်ဘုရားမြို့တော်တစ်ခုလုံး နှင်းပွင့်နှင်းစက်များဖြင့် ခြုံလွှမ်းသွားကြပြီး တစ်လောကလုံး နှင်းကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အရုဏ်ဦးရောင်ခြည်က မထိန်တထိန်လေး တောက်ပနေသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး မှောင်လျက်ပင်ရှိသေးသည် ။ ရီယွမ်က ထိုအချိန်တွင် သူ၏ ကျောက်တုံးအိမ်ထဲမှ လျှောက်ထွက်လာခဲ့လိုက်သည်။ တဖြုတ်ဖြုတ်ကျနေသော မြူနှင်းများက နေရောင်ခြည်ကို တိုးမဖေါက်နိုင်ဟန် ရှိသည်ထင့် ၊ အပြာရောင်အလင်းတန်းများ မသဲမကွဲလေး လင်းလက်နေကြသည်။

အပြာဖျော့ရောင် အလင်းတန်းများက ကျောက်တုံးအိမ်တန်းလျားထဲသို့ထိခတ်သွားကြသည့်အခါတွင်တော့ ထိုအလင်းတန်းများနှင့် မြူခိုးများအောက်တွင် ဒဏ္ဍာရီလာ နတ်ဘုံနတ်နန်း အတွင်း၌ နေထိုင်ရသည်ဟုပင် ထင်မိစေတော့သည်။

ထန်း…
ထန်း…
ထန်း…

ထိုအချိန်တွင် သိုင်းပြိုင်ကွင်းထဲမှ လွင့်ပျံ့လာသော အသံများက တိုင်အီနတ်ဘုရားမြို့တော်သို့ တိုးဝင်ရိုက်ခတ်သွားကြသည်။

ထိုအသံက လူသစ်တန်း သိုင်းပြိုင်ပွဲစတင်ရန်အတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်သည်။ ထိုအသံကို ကြားရန်အတွက် စောင့်ဆိုင်းနေကြသော တိုင်အီမြို့တော်မှ လူငယ်ပါရမီရှင်များစွာ ရှိကြသည်။

သူတို့အထဲမှ လူအများစုက တစ်ညလုံးမအိပ်ပဲ တရားထိုင်ပြီး သူတို့၏ စိတ်အခြေအနေကို အကောင်းဆုံးအနေအထားထိရောက်ရန် အတွက် ကြိုတင်ပြင်ဆင်ထားကြသည်။ သူတို့အားလုံး တိုက်ပွဲကြီးတစ်ခုကို စောင့်ဆိုင်းနေကြခြင်းပင်။

True Martial World (BOOK 15-16) Where stories live. Discover now