C-227

144 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၂၇

“ စုချင်းယန်”

စုန့်ဇီဂျွန်က ကြယ်ခြွေလက်သိုင်း၏ တကယ့် သတ်ကွက်ကဘာမှန်းဆိုတာကို လုံးဝမသိသေးပေ။ လူငယ်အများစုသည်လည်းပဲ ဘာလဲဆိုခြင်းကို သေချာဂဃနဏ မသိပေ။

ထိုအရာက စုန့်ဇီဂျွန်ကို သိမ်ငယ်စေသည်။ နံဘေးမှ ရပ်ကြည့်နေသည့်သူတောင် ဘာဆိုဘာမှ မမြင်လိုက်သည် ဖြစ်ရာ အကယ်၍ သူသာ လွေယုရှင်းနှင့် ရင်ဆိုင်ပြီး ကြယ်ခြွေလက်သိုင်းဖြင့်သာ တိုက်ခိုက်ခြင်း ခံလိုက်ရပါက လုံးဝ မတွေးရဲစရာပင် ဖြစ်သည်။

သူဘာမှ မသိခင်မှာပင် သူသေဆုံးသွားလိမ့်မည် ဖြစ်သည်။

ရီယွမ်က “ကြယ်ခြွေလက်သိုင်းက ဓားသိုင်းကြားထဲမှာ လက်ချောင်းသိုင်းကို ထည့်ဝှက်ထားတာ၊ ဓားသိုင်းက အယောင်ပြသိုင်းကွက်ပဲ” … ဟု ပြောလိုက်သည်။

ကြယ်ခြွေလက်သိုင်း၏ အနှစ်သာရက ယွမ်ချီများကို သိပ်သည်းအောင် စုစည်းထားပေးခြင်းပင် ဖြစ်သည်။ ထိုယွမ်ချီများက အရာဝတ္ထုများကိုပင် အဝေးမှ ရွှေ့လျားစေနိုင်စွမ်းရှိကာ ရန်သူများကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။

ကြယ်ခြွေလက်သိုင်းဟူသော စကား၏ အဓိပ္ပါယ်က ယွမ်ချီများဖြင့် ကောင်းကင်မှ ကြယ်ကိုပင် ခူးယူနိုင်စွမ်းရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တကယ်တမ်းတွင် ထိုစကားက တမင်သက်သက် ပုံကြီးချဲ့နေခြင်းပင် ဖြစ်သည်။

သို့သော် မမျှော်လင့်ထားသည့်အခြေအနေတွင် အခြားသူများသာ သေချာပြင်ဆင်ပြီး တိုက်ခိုက်ပါက ကြယ်ခြွေလက်သိုင်း၏ အကျိုးသက်ရောက်မှုများက အနည်းငယ်လျော့ကျသွားပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် လွေမိသားစုအနေဖြင့် ကြယ်ခြွေလက်သိုင်း၏ သတ်ကွက်ကို ဖုံးကွယ်ထားဖို့ အလွန်ခက်ခဲသည်။ ထို့ကြောင့် ထိုသိုင်းကွက်ကို အပြင်မှကြည့်ပါက မည်သို့လှုပ်ရှားလိုက်မည်မှန်း အလွန်နားလည်ဖို့ခက်ခဲသည်။

လွေယုရှင်းက ရီယွမ်ကို ဘက်ပေါင်းစုံမှ ထောင့်စေ့အောင် တိုက်ခိုက်ဖိအားပေးနေသည်။ ရီယွမ်က သူ၏ ကောင်းကင်မျက်လုံးကို ပုံစံတည်ထားနိုင်ခြင်းကြောင့်သာမက ခရမ်းရောင်သလင်းကျောက်ကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်းကြောင့် စွမ်းအင်များကို အာရုံလွယ်လွယ်ကူကူ ခံနိုင်သည်။

True Martial World (BOOK 15-16) Where stories live. Discover now