C-229

136 18 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၂၂၉

“ အပျော့နဲ့ အမာ”

နတ်ဘုရားဒေသ စင်မြင့်ထက်တွင်တော့ မြွေနဂါးတစ်ကောင် ရစ်ပတ်နေသကဲ့သို့ လောင်ကျွမ်းနေသော မီးတောက်များက ချူရှောက်ယန်ဆီသို့ တိုးဝင်သွားကြသည်။

ဖန်ဂျင်းဟိုင်က သူ၏ လှံကို ချူရှောက်ယန်၏ ပခုံးပေါ်ထိုးစိုက်လိုက်သည်။ ဖန်ဂျင်းဟိုင်၏ လှံက ကိုးပေခန့်ရှည်ပြီး သစ်နက်သားဖြင့် ပြုလုပ်ထားသည်။ တခြားတစ်ဖက်တွေင်တော့ ချူရှောက်ယန်က ဓါးကို အသုံးပြုလေသည်။ ဓါးဆိုသည်မှာ လှံရှည်နှင့် ယှဉ်လိုက်ပါက ပေါ့ပေါးသော လက်နှက်တစ်မျိုးဖြစ်ပြီး ခွန်အားအရာ၌လည်း လှံရှည်ထက်ပိုပြီး နိမ့်ပါးနေမည်က အမှန်ပင်။

လူအများကတော့ ချူရှောက်ယန်အစား ရင်တမမ ဖြစ်နေကြသည်။ ဖန်ဂျင်းဟိုင်၏ လှံချက်ထဲတွင် ပါဝင်သော မီးတောက်မီးလျှံများက ချူရှောက်ယန် တစ်ကိုယ်လုံး လွှမ်းခြုံဝါးမျိုထားသည့်ပမာ ရှိနေလေ၏။ နောက်ဆုံးတွင် ချူရှောက်ယန်က လှုပ်ရှားမှု ပြုလုပ်လိုက်ပြီ ဖြစ်၏။

လေးပေခန့်ရှည်သော ဓါးသွားက ယိမ်းထိုးလှုပ်ရှားနေသော သစ်ရွက်ခြောက်လေးတစ်ခုပမာ ဖန်ဂျင်းဟိုင်၏ လှံရှည်ရှိရာသို့ တိုးဝင်သွားလေသည်။

“အလို …”

ပျော့ပျောင်းသော မိန်းကလေးကိုင် ဓါးတစ်လက်က လေးလံပြီးမာကျောသော လှံရှည်၏ ရိုက်ချက်ကို အံတုနိုင်သည်တဲ့လား …

လူအများက အံ့သြတိတ်လန့်သွားကြသည်။ အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ .. လှံရှည်၏ ရိုက်ချက်က ချူရှောက်ယန်၏ လက်မောင်းကို သွင်သွင်ကျိုးသွားစေနိုင်သည့်အထိ ပြင်းထန်အားပါလေသည်။

သူတို့ အံ့သြသွားရာမှ သတိပြန်မဝင်သေးခင်မှာပင် ကောင်းကင်ယံသို့ ထောင်တက်သွားသော ဓါးအလင်းတန်းတစ်ချက်ကို မြင်လိုက်ရပြန်သည်။

“ရွှမ်း …”

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက ချူရှောက်ယန်၏ ဓါးနှင့်ထိခတ်ကာ နှစ်ခြမ်းကွဲသွားသည်။ ထို့ပြင် ဓါးဖျားက လှံရိုးဆီသို့ တိုးဝင်သွားပြန်သည်။

True Martial World (BOOK 15-16) Where stories live. Discover now