C-237

143 21 0
                                    

အခန်း ၂၃၇
“ယန်ကုနှင့် တိုက်ခိုက်ခြင်း”

ယန်ကုက ချူရှောက်ယန်ထက် အဆင့်နိမ့်သော်လည်း ၊ သူတို့နှစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက ယန်ကုထက် ချူရှောက်ယန်ကို သာ ရွေးချယ်ပေလိမ့်မည်။

ယန်ကုကို လူအတော်များများက တိတ်လန့်နေကြသည်။ ယန်ကု၏ ရှေ့မှောက်သို့ ရောက်ရှိသွားပါက သူတို့၏ သတ္တိများ အဝေးသို့ လွင့်စင်ပပျောက်သွားကြကုန်သည်။ သိုင်းစင်မြင့် နံဘေးထက်တွင်တော့ ရီယွမ်က သူ၏ တပ်မတစ်ထောင် ဓါးမော့ကိုကိုင်ပြီး စင်မြင့်ပေါ်သို့ လှမ်းတက်လာခဲ့လိုက်သည်။

ရီယွမ်က ယန်ကုနှင့် မီတာသုံးဆယ်ခန့်အကွာတွင် ရပ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။ ရီယွမ်က နောက်ဆုံးတော့ သူ၏ လက်နှက်ကို စင်ပေါ်သို့ ယူဆောင်သွားခဲ့ပြီ ၊ ထိုအရာက ဖြစ်တော့ဖြစ်သင့်သည်။ သူ၏ ပြိုင်ဘက်က ယန်ကုမဟုတ်ပါလား ..

“အင်း …  အဲဒီရီယွမ်က နောက်ဆုံးတော့ သူ့ရဲ့ဓါးကို စင်ပေါ်ယူသွားပြီမဟုတ်လား …သူ့ရဲ့ဓါးမော့သိုင်းက ကောင်းမှ ကောင်းပါ့မလား” … လူအများက စိတ်ဝင်တစား ဆွေးနွှေးနေကြသည်။ ယခင်အခေါက်တုန်းက ရီယွမ်က သူ၏ ပြိုင်ဘက်ကို အနိုင်ယူရန်အတွက် အုတ်ခဲကိုသာ အသုံးပြုခဲ့သည်။ ယခုအခါတွင် အုတ်ခဲအစား ဓါးမော့ကို အသုံးပြုသည်ဖြစ်ရာ သူ၏ ခွန်အားများက ယခင်နှင့်မတူပဲ သိသိသာသာ တိုးတက်လာခဲ့မည် ဟု ထင်နိုင်ပေသည်။

သို့သော် … သူ၏ ခွန်အားများ ဘယ်လောက်ကောင်းကောင်း သူ၏ ဓါးမော့သိုင်းပေါ်တွင်သာ မူတည်နေပေသည်။

“ရီယွမ်ရဲ့ဓါးမော့က ရှည်လွန်းတယ် … သာမန်သိုင်းသမားတစ်ယောက်အတွက် အလျားရှည်တဲ့လက်နှက်က အားသာချက်ရှိတယ်ဆိုတာတော့ မှန်တယ် .. ဒါပေမယ့် ယန်ကုလိုသိုင်းသမားတစ်ယောက်အနေနဲ့ကျတော့ သူလက်နှက်ကို ဆွဲယူလိုက်ပြီဆိုတာနဲ့ ရီယွမ်တော့ သွားပြီပဲ ၊ သူ့ရဲ့လက်နှက်ကို ဆွဲမိပြီးသွားနဲ့ ယန်ကုရဲ့ အပြင်အား သီးသန့်နဲ့တင် ရီယွမ်ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့က အသာလေးပဲ …”

ယန်ကု၏ စွမ်းရည်က ကြောက်ဖို့ကောင်းသည်။ သူ၏လက်နှက်ကို ဆွဲယူပြီးသွားသည်နှင့် ရီယွမ်အနေနှင့် မည်သို့မှ ပြန်လည်ဆွဲယူရန် မဖြစ်နိုင်တော့ပေ။

True Martial World (BOOK 15-16) Where stories live. Discover now