C-239

150 20 0
                                    

အခန်း ၂၃၉

“နွားသိုးထောင်ချောက် ပိတ်လှောင်ခြင်း …. အဲဒါက ဘာကြီးလဲ …”

ထိုစကားကို ကြားလိုက်ရသော ပရိတ်သတ်များအားလုံး ယန်ကုဆီသို့ စူးစမ်းသော မျက်ဝန်းများနှင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့အားလုံး စင်ပေါ်သို့လှမ်းကြည့်လိုက်သော်လည်း မည်သည့်ထူးခြားမှုမျိုးကိုမှ မတွေ့ရပေ။ သို့သော် အနည်းငယ် အာရုံစူးစိုက်ကာ ကြည့်လိုက်သည်နှင့် စင်မြင့်အလယ်ဗဟိုတည့်တည့်မှ ယွမ်ချီလှိုင်းများ ဖြာထွက်နေခြင်းကို မြင်တွေ့လိုက်ရသည်။

ယွမ်ချီများက အချင်းချင်း ပေါင်းစည်းသွားကြပြီး စင်မြင့်ထက်တွင် တဝဲဝဲလှည့်ပတ်နေလေ၏။

“နွားသိုးထောင်ချိုင့်ပိတ်လှောင်ခြင်း … ဟုတ်လား … သူက ယွမ်ချီတွေနဲ့ ရီယွမ်ကို ထောင်ချောက်ဆင်ထားတာလား” …သင်တန်းသားဟောင်းများအနေနှင့် ယွမ်ချီများကို အလွယ်တကူ အာရုံခံနိုင်စွမ်း ရှိကြ၏ ။ ရီယွမ်၏ လှုပ်ရှားမှုများက အလွန်သေသပ်သည်။ ထို့ကြောင့်ပဲ ယန်ကုက သူ၏ နတ်ဘုရားခွန်အား နွားသိုးထောင်ချောက်ဖြင့် ရီယွမ်ကို တစ်နေရာထဲတွင် ပိတ်လှောင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးမိနစ်ပိုင်းလေးလောက် အချိန်သည်ပင်လျှင် ယန်ကုအတွက် လုံလောက်နေပြီ ဖြစ်၏။

ယန်ကု၏ သဲကြီးမဲကြီး တိုက်ခိုက်မှုများက ပြင်းထန်အားကောင်းလွန်းလှသည် ။ မည်သူမှ ထိပ်တိုက်ရင်မဆိုင်ရဲကြချေ။ ထိုအခြေအနေတွင် ယန်ကုသာ ရီယွမ်နှင့် ထပ်တိုက်ရင်ဆိုင်လိုက်ပါက သေချာပေါက် သူအနိုင်ရတော့မည် ဖြစ်သည်။

“ယန်ကုရဲ့ တိုက်ပွဲဗျူဟာက တော်တော်ကောင်းတာပဲ ၊ သူက ရီယွမ်ဆင်ထားတဲ့အကွက်ထဲဝင်ပြီး သူ့ရဲ့ သက်လုံကို မပေးကုန်နေဘူးပဲ … ရီယွမ်တော့ ဒုက္ခကောင်းကောင်းရောက်ပြီး …”

လူအများက အသက်အောင့်ထားမိကြသည်။ ယန်ကု၏ တိုက်ခိုက်မှုက လူတစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။

သိုင်းစင်မြင့်အောက်တွင်တော့ သမားတော်များ အဆင်သင့်ရှိနေကြသည်။ ထိုသမားတော်များက နှစ်ကြီးသင်တန်းသားများ ဖြစ်ကြပြီး သူတို့၏ တာဝန်က ပြိုင်ပွဲဝင်များ၏ အသက်ကို အရေးပေါ်ကယ်တင်နိုင်ရန် ဖြစ်သည်။

True Martial World (BOOK 15-16) Where stories live. Discover now