C-225

140 18 0
                                    

အခန်း ၂၂၅

“မင်းရဲ့ဓါးက ပြောသလောက်လဲ မမြန်ပါလား”

လွေယုရှင်း၏ ဓါးက အလွန်လျှင်မြန်သည် ။ ရပ်ကြည့်နေကြသော သိုင်းလူငယ်များသည်ပင် လွေယုရှင်း၏ ဓါးလမ်းကြောင်းကို မြင်နိုင်ရန် မနည်းကြီး ပြူးပြဲကြည့်နေရသည် ။ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို မြင်နိုင်ခြင်းက ထိုပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ယခု ပြိုင်ဘက်၏ လှုပ်ရှားမှုကိုပင် မမြင်နိုင်သည့်အတွက် လုံးဝ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

လွေယုရှင်း၏ ဓါးချက်များထဲတွင်ပါဝင်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို သူတို့အဝေးမှပင် ခံစားနေရသည်။ သူတို့၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဓါးဖျား ထိုးစိုက်လိုက်သည့်ပမာ ခံစားနေရသည်။

ကျိုးခိုင် ၊ စုန့်ဇီဂျွန်နှင့် အခြားသူများကတော့ ရီယွမ်အစား ကြက်သီးထနေမိသည်။

ရွှမ်း .. ရွှမ်း .. ရွှမ်း … ရွှမ်း …

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဓါးအစင်းပေါင်းမြောက်များစွာက ရီယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။

သို့သော် လူအားလုံးသတိပြုလိုက်မိသည်က ရီယွမ်၏ ပုံရိပ်က သူတို့ရှေ့မှ လှစ်ခနဲ ပျောက်ကွယ်သွားခြင်းပင် ….

“ဓါးနဲ့ ခုတ်မိလိုက်တာက နောက်ချန်ပုံရိပ်တွေလား …”

လွေယုရှင်း၏ ဓါးချက်များကတော့ အောက်ဘက်သို့ ကျရောက်သွားခဲ့သည်။ ရီယွမ်၏ ကိုယ်ထည်က နောက်ချန်ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး လေနှင့် တစ်သားတည်းကဲ့သို့ ဖြစ်ကာ သူ့ကိုလုံးဝ မမြင်တွေ့နေရပေ။

ရီယွမ်ကတော့ လှစ်ခနဲပျောက်ကွယ်သွားသော်လည်း သူ၏ နောက်ချန်ပုံရိပ်ကိုတော့ လူအများက ရှင်းရှင်းလင်းလင်း တွေ့လိုက်ကြရသည်။

လွေယုရှင်း၏ ဓါးချက်များက အလွန်လျှင်မြန်သည်။ မည်သည့်နေရာ ကွက်ကြားလေးမှ မဆို ထောင့်စေ့ကာ လူတစ်ယောက်လုံးကို ကောင်းကောင်းချောင်ပိတ်ထားနိုင်သည်။ ထို့ကြောင့် သူ၏ဓါးချက်က ရီယွမ်ကို သေချာပေါက် ထိသွားလိမ့်မည်ဟု လူအများက တွေးထားကြသော်လည်း ဓါးချက်များက ရီယွမ်၏ နောက်ချန်ပုံရိပ်ကိုသာ ထိမိသွားကြသည်။

True Martial World (BOOK 15-16) Where stories live. Discover now