C-212

262 23 0
                                    

အခန်း ၂၁၂

ကမျောကသောနှင့် အခန်းထဲသို့ဝင်လာသော အစေခံမလေးက အရွယ်မရောက်သေးသော အပျိုပေါက်မလေး တစ်ယောက်သာ ဖြစ်၏ ။ သူမက ရီယွမ်ထက်ပင် အသက်ငယ်နေသေးသည် ။ သူမ၏ လျော့တိလျော့ရဲဖြစ်နေသော ဝတ်စုံကြောင့် ပြေးလွှားရာတွင် အခက်အခဲတွေ့နေရသည် ။ ထို့ကြောင့် သူမ၏ လက်သေးသေးလေးနှစ်ဖက်ဖြင့် ဂါဝန်အနားစကို မတင်ကာ ဖရိုဖရဲ ပြေးလာနေရခြင်း ဖြစ်သည် ။

လျိုဟွားအာက သူမ၏ မျက်ခုံးလှလှလေးနှစ်ဖက်ကို တွန့်ကွေးထားလိုက်မိသည် ။
“ဘာတွေအလျင်လိုနေတာလဲ .. ငါအတည်ပြောနေတာ … မိန်းကလေးဖြစ်ပြီး မိန်းကလေးပီပီသသနေပါလား … မိန်းကလေးပီသတာ ဘာကိုပြောတာလဲဆိုတာ နင်သိရဲ့လား” ….. လျှိုဟွားအာက  ထိုမိန်းမငယ်လေး၏ ခေါင်းကို လက်ညှိုးဖြင့်ထိုးကာ ဆုံးမလိုက်သည် ။ သူမ၏ ဆူပူမာန်မဲမှုကြောင့် ထိုကလေးမလေး၏ မျက်နှာက အနီရောင်သမ်းသွားသည် ။

ထိုမိန်းကလေးက သူမမှားမှန်း သိပါပြီဟူသော အမူအရာဖြင့် …  “ဟုတ်ကဲ့ … ဒုံအာ သိပါတယ် သခင်မ ..”

ထိုမိန်းမငယ်လေးက လျှိုဟွားအာ၏ အစေခံမလေးပင် ဖြစ်သည် ။ လျှိုဟွားအာက တိုင်အီမြို့တော်သို့ စရောက်လာခဲ့စဉ်က အစေခံမလေးတစ်ယောက်ကို ဝယ်လာခဲ့သည် ။ တော်ဝင်မိသားစုမှ ယန်ကုကဲ့သို့ လူများသည်ပင် ထိုကဲ့သို့ အစေခံတစ်ယောက်ကို တစ်ပါးတည်း မခေါ်ဆောင်နိုင်ခဲ့ပေ  …

“ပြောစမ်းပါဦး … ဘာကိစ္စများဖြစ်နေလို့လဲ … ကိစ္စကြီးမဟုတ်ဘဲ ငါ့ကိုလာရှုပ်လို့ကတော့ နင့်ကို ရော မီမီကိုပါ ထမင်းတစ်နပ်မကျွေဘူး …”

မီမီဆိုသည်မှာ လျှိုဟွားအာ၏ ကြောင်ကလေး ဖြစ်သည် ။ သူမတိုင်အီနတ်ဘုရားမြို့တော်သို့ လာခဲ့စဉ်အခါက အစေခံတစ်ယောက်တင်မဟုတ် .. ကြောင်တစ်ကောင်ကိုပါ ဝယ်ယူခဲ့သေးသည် ။

“အဲ .. အာ .. အဲဒီလိုမဟုတ်ပါဘူး” .. ဒုံအာက သူမ၏ ခေါင်းကို ခလောက်ဆံကဲ့သို့ တွင်တွင်ခါယမ်းလိုက်သည် ။ သူမ၏ ဆံပင်များကို ခေါင်းထိပ်တွင် မှိုပွင့်ပုံစံ စီးထားပြီး ဆံပင်များက ဖွာလန်ကြဲလျက် ရှိကြသည် ။

True Martial World (BOOK 15-16) Where stories live. Discover now