232

150 20 0
                                    

အခန်း ၂၃၂
"ဓါးနန်းတော်"

တိုင်အီနတ်ဘုရားမြို့တောတွင် ညလေအေးက တသုန်သုန်တိုက်ခတ်နေလေ၏။ တိုင်အီနတ်ဘုရားမြို့တော် တစ်ခုလုံးကို နှင်းများဖြင့် တဖန်ခြုံလွှမ်းထားပြန်သည်။
လွန်ခဲ့သည့် လူသစ်တန်း သိုင်းပြိုင်ပွဲအတွင်း နှစ်ကြိမ်မြောက် နှင်းကျခြင်းပင် ဖြစ်သည်။

တိုင်အီနတ်ဘုရားမြို့တော်ကဲ့သို့သော နေရာတွင် မှော်အစီအရင်များစွာ ရှိလေ၏။ ထိုမှော်အစီအရင်များက တစ်နှစ်ပတ်လုံး မြို့တော်ကို နွေးထွေးအောင် ပြုလုပ်ပေးထား၏။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရန် စွမ်းအင်များစွာ သုံးစွဲရမည့်အပြင် စွမ်းအင်များကို ဖြုန်းတီးရာကျသည်။

ရီယွမ်က လမ်းကလေးအတိုင်း လျှောက်လှမ်းလာသည်။ နှင်းများပေါ် သူလမ်းဖြတ်လျှောက်လာခဲ့စဉ် နှင်းမှုန်များက ဘေးတစ်ဖက်တစ်ချက်စီသို့ ဖွာခနဲ ဖွခနဲ လွင့်စင်သွားကြသည်။ လမ်းတစ်ဖက်တစ်ချက်တွင် စီတန်းဆောက်လုပ်ထားသော အံ့သြသင့်ဖွယ်ရာ အိမ်ငယ်လေးများလည်း ရှိ၏။

ရီယွမ်က ထိုရက်များအတွင်း ဖြစ်ခဲ့သော တိုက်ပွဲများကို ပြန်လည် စဉ်းစားလိုက်သည်။ ယန်ကုနှင့် ချူရှောက်ယန်တို့နှစ်ယောက်လုံး အကောင်းဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်ဆိုခြင်းကတော့ သံသယ ဖြစ်ဖွယ် မရှိပေ။ အရေးအကြီးဆုံးက သူတို့တွင် သူတို့၏ ကိုယ်ပိုင်အားသာချက်များ ကိုယ်စီရှိကြ၏။

ချူရှောက်ယန်က သိုင်းဓိဌာန် နိယာမ သဘောတရားများကို ပိုင်ဆိုင်ထားသကဲ့သို့ ယန်ကုက သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ရီယွမ်တွင် ထိုနှစ်ယောက်နှင့် ပတ်သက်ပြီး ယုံကြည်ချက်တော့ ရှိသည်။ ယန်ကုနှင့် ချူရှောက်ယန်တို့ နှစ်ဦးသား သန်မာသည်ဆိုသော်လည်း သူ့တွင် တိုင်အီဝိညာဉ်ကျင့်စဉ် ရှိသည် မဟုတ်ပါလား ။

သို့သော် ပြသနာက .... တိုင်အီ ဝိညာဉ်ကျင့်စဉ်က ရီယွမ်၏ ခွန်အားဟု စဉ်းစား၍ မရပေ။ တိုင်အီဝိညာဉ်ကျင့်စဉ်ကို အဆုံးထိ ပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်ထားသူများအဖို့ မိမိတို့ထက် သိုင်းအဆင့်အနည်းငယ်မြင့်သူများကိုပင် ငှက်ပျောသီးအခွံနွှာစားသည့်ပမာ အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်။
သို့သော် တိုင်အီဝိညာဉ်ကျင့်စဉ်ကို မိမိထက် အဆင့်မြင့်အောင် ကျင့်ကြံသူများနှင့် တွေ့ဆုံပါက အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ အခြားသူများက ခွန်အားသီးသန့် တစ်ခုတည်းသာမဟုတ်ပေ ၊ နိယာမ ၊ အမြန်နှုန်း နှင့် တိုက်ပွဲဝင် စွမ်းရည် တို့ ပါဝင်သည်။

True Martial World (BOOK 15-16) Where stories live. Discover now