အခန်း ၂၂၀
သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
“ အုတ်ခဲသည်လူ … လူသည် အုတ်ခဲ”
“ အစ်ကိုကြီး … အစ်ကိုကြီး”
ကျန်ရှိသော မြို့တော်သခင်လေးယောက်မှ နှစ်ယောက်က ဝတုတ်လေးကို မယုံရဲတရဲလေသံဖြင့် မေးလိုက်ကြသည်။
“အစ်ကိုကြီး နောက်တစ်ယောက်က ကျွန်တော်ပဲလား … ဟိုဒါ .. ဖြစ် .. ဖြစ်ပါ့မလား”
ဂျပုလေး၏ အစွမ်းက စန့်ယွမ်ထက် အနည်းငယ်သာ သာလွန်သည်။ သို့သော် .. ဖန်ဟိုင်က ရီယွမ်ကို ပြိုင်ဘက်ကို အထင်သေးလျှော့တွက်မိသောကြောင့် ရှုံးနိမ့်ခဲ့ရသည်။ ဒါပေမယ့် စန့်ယွမ်အလှည့်ကျတော့ … သူအကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည်လည်းပဲ ရီယွမ်၏ အုတ်ခဲဖြင့် ထုခြင်းကို ခံရခဲ့သည်။ ထိုအရာက သူတို့အကြား ခွန်အားများ ကွာခြားနေခြင်းက အသိသာပင်။
အဖြစ်မှန်ကို မည်ကဲ့သို့ပင် ဖြည့်စွက်တွေးတောပါစေဦး ၊ အမှန်တရားက အမှန်တရားပင် ဖြစ်သည်။
ရီယွမ်က သူတို့ထက်ပိုသန်မာသည်။
ဖက်တီးက ပါးစပ်ပိတ်နေလိုက်သည် ။ သူဘာမှ ဆက်ပြောစရာမလိုတော့ပေ။
ငါတို့အခု ဘာလုပ်ကြမလဲ။
သူတို့၏ ပိုင်ဆိုင်မှုများကို အကုန်လောင်းကြေးထပ်ထားခဲ့ကြသည်။ သူတို့သာ မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ပါက ပိုက်ဆံများကို အမှိုက်ပုံးထဲသို့လွှင့်ပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
မြို့တော်သခင်လေးယောက်ပြီးသည့်နောက်တွင် ရီယွမ်နှင့် ယှဉ်ပြိုင်ရန် စာရင်းပေးထားကြသော ဟောင်ဒုန်အဖွဲ့အစည်းမှ လူများစွာ ကျန်ရှိနေသေးကြသည်။ သူတို့အားလုံးက သူတို့၏ လောင်းကြေးကိုယ်စီကို လက်ထဲတွင် ကိုင်ထားကြပြီး ဘာဆက်လုပ်ရမယ်မှန်းမသိ ဖြစ်နေကြသည်။
သူတို့အားလုံး၏ စိတ်ထဲတွင်တော့ ထည့်သွင်းလိုက်သော လောင်းကြေးများအတွက် နောင်တကိုယ်စီရရှိနေကြသည်။
သူတို့အားလုံး သိလိုက်ကြသည် တစ်ခုက ရီယွမ်က မကောင်းဆိုးဝါးလို ထူးဆန်းသော သတ္တဝါ တစ်ကောင် ပင် ဖြစ်သည်။ ရီယွမ်နှင့် အရင်ဆိုင်ရမည့်အစား သူတို့ သေသာ သေလိုက်ကြချင်သည်။