C-236

147 20 0
                                    

အခန်း ၂၃၆

“ ပထမဆုံး ပြိုင်ဘက် ”

နေက ကောင်းကင်ယံထက် ထိုးတက်လာသည်နှင့် တိုင်အီမြို့တော်တစ်ခုလုံး ကျဆင်းနေသော နှင်းမြူများ တစ်စတစ်စ အရည်ပျော်ကြသွားပြီး နွေးထွေးစပြုလာခဲ့သည်။

ယနေ့က လူသစ်တန်း သိုင်းပြိုင်ပွဲ ကိုးရက်မြောက်နေ့၏ နေ့လည်ခင်းပိုင်း ဖြစ်သည်။ သိုင်းပြိုင်ပွဲအချိန်အတွင်း နေ့လည်စာခေတ္တစားချိန် ပေးထားသော်လည်း မည်သူမျှ မထွက်သွားကြသေးပေ။ သိုင်းသမားများ အနေဖြင့် ယွမ်ချီ ပမာဏအများကြီးကို ကိုယ်တွင်းသိုလှောင်ထားခဲ့ခြင်းကြောင့် နေ့ရက်အနည်းငယ် မစားမသောက်ပဲ ကျင့်ကြံနေထိုင်နိုင်ပေသည်။

သို့သော် သူတို့ထွက်မသွားရသည့်အကြောင်းရင်းက နေ့လည်ခင်းပိုင်းအချိန်တွင် သူတို့စောင့်ကြည့်ရမည့် ပွဲကြီးပွဲကောင်းနှစ်ပွဲ ကျန်ရှိနေသေးခြင်းကြောင့် ဖြစ်သည်။

ပထမ ပြိုင်ပွဲက ယန်ကုနှင့် မြေပြင်သင်ပုန်း အမှတ်စဉ် ၂၈၀၀ မှ သင်တန်းသားတို့၏ ပြိုင်ပွဲဖြစ်သည်။
နောက်တစ်ပွဲကတော့ ပိုပြီးတော့တောင် ရယ်စရာကောင်းနေသေးသည်။ ချူရှောက်ယန်က မြေပြင်အဆင့် အမှတ်စဉ် ၂၆၀၀ မှ လူတစ်ယောက်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်လုံး စိန်ခေါ်ကြသည့် သင်တန်းသားများသည်ကား တိုင်အီမြို့တော်တွင် လေးငါးနှစ်တာမျှ ပညာဆည်းပူးခဲ့ကြသည့် သိုင်းသမားများ ဖြစ်ကြသည်။

ထိုသူများက ခရမ်းရောင်သွေး အထွတ်အထိပ်အဆင့်ရှိ သိုင်းသမားများ ဖြစ်ကြပြီး အဆင့်တူ သိုင်းသမားများထဲတွင် အလွန်တရာမှ ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။

အဆင့်၃၀၀၀ အောက် သင်တန်းသားများကို စိန်ခေါ်လိုက်ခြင်းက သူတို့အားလုံးအတွက် စံချိန်သစ်တစ်ခုပင် ၊ တိုက်ပွဲများက တစ်စထက် တစ်စပိုပြီး ပြိုင်ဆိုင်မှုများ ပြင်းထန်အားကောင်းလာခဲ့ကြသည်။

လူအများစုကလည်း ထိုကဲ့သို့ ပြိုင်ပွဲမျိုးကို ကြည့်ချင်နေကြသည်။
လွန်ခဲ့သည့် နှစ်ရက်တာအတောအတွင်း လူသစ်များ၏ စိန်ခေါ်ပွဲက သိပ်ပြီး များများစားစား မရှိခဲ့ကြပေ။ ထိပ်ဆုံး အမှတ်စဉ် ၇၀၀၀ အတွင်းမှ လူများကို မည်သူမှ စိန်မခေါ်ကြသလို စိန်ခေါ်သူများကသာ စင်ပေါ်မှ အရှက်ကွဲကာ ရှုံးနိမ့်ပြန်သွားရသည်က များသည်။

True Martial World (BOOK 15-16) Onde as histórias ganham vida. Descobre agora