C-224

138 21 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၂၄

ကျိုးခိုင်၏ စကားကို ကြားလိုက်ရသောအခါ ရီယွမ်က ခေတ္တမျှ အံ့သြသင့်သွားမိသည်။ ကျိုးခိုင်ပြောသည့်ပုံအရဆိုပါက လွေယုရှင်းက အတော်သန်မာသော လူတစ်ယောက် ဖြစ်ရပေလိမ့်မည် ။ မဟုတ်ပါ သူ့ကိုလာပြီး တကူးတကပြောစရာအကြောင်းမရှိပေ။

လူသစ်များထဲတွင်တော့ ရီယွမ်က ချူရှောက်ယန်နှင့် ယန်ကုကိုတော့သိသည်။ တခြား လူတော်များကိုတော့ သူလုံးဝမသိပေ။

အဘယ့်ကြောင့်ဆိုသော် ရီယွမ်က တိုင်အီနတ်ဘုရားမြို့တော်ကို ရောက်သည့်အချိန်ကတည်းက ဆေးပင်ခူးပြီး တစ်ချိန်လုံး စွမ်းအင်ကျင့်ကြံနေသည့်အတွက် သူ့ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသလဲဆိုခြင်းကို သူလုံးဝ သတိမထားမိနေပေ။ ထို့ကြောင့် လူအနည်းကိုသာ သူကောင်းစွာသိသည်။

“အဲဒီ လွေယုရှင်းဆိုတဲ့ကောင်က တော်တော်သန်မာလို့လား”

“သေချာတာပေါ့ သူက ဝန်ကြီးအိမ်က သားတစ်ယောက်ပဲ။ ပြီးတော့ စစ်ပွဲမှာလည်း ဝင်တိုက်ဖူးတယ်။ သူ့ရဲ့အဆင့်က အဆင့်၆ ကွ”

“လူသစ်တွေထဲမှာမှ အဆင့်၆ တဲ့လား”

ထိုစကားကို ကြားလိုက်ရသောအခါ ရီယွမ်က ကောင်းပြီ ဟုသာ ရိုးရိုးလေးပြန်ဖြေလိုက်သည်။

ကျိုးခိုင်ပြောသလိုဆိုရင် လွေယုရှင်းက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားနိုင်လောက်သည်။  ရီယွမ်က ထိုစကားကို လုံးဝ အတိတ်တလန့်မဖြစ်သွားပဲ ခပ်ရိုးရိုးလေးသာ ခေါင်းညိတ်ပြလိုက်သည်။

“အင်း … ဘာပဲပြောပြော မဆိုးပါဘူး …”

“ဘာ … မဆိုးဘူး … မဆိုးပါဘူးတဲ့လား … ကြယ်ခြွေလက်သိုင်းကိုမင်းသိလို့လား .. အဲဒီသိုင်းက လူတစ်ယောက်ကို မီတာတစ်ရာလောက်အကွာကနေတောင် သတ်ပစ်လိုက်နိုင်တယ်…”

ကျိုးခိုင်က ကြယ်ခြွေလက်ဝါးအကြောင်းသိသော်လည်း သိပ်ပြီး အတွင်းကျကျမသိပေ။

“ကြယ်ခြွေလက်သိုင်း တဲ့လား ..”

ရီယွမ်က ထိုသိုင်းပညာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။ လူတစ်ယောက်ကို မီတာတစ်ရာအကွာအဝေးအတွင်းမှ သတ်နိုင်ဖို့ဆိုခြင်းက လုံးဝမလွယ်ကူပေ။

True Martial World (BOOK 15-16) Where stories live. Discover now