C-231

149 21 0
                                    

အခန်း ၂၃၁
“လောင်းကြေး”

ဘိုင်မင်ဝု၏ မျက်နှာက နီရဲတက်လာခဲ့သည်။ ထိုနှစ်များအတွင်း တိုက်ပွဲပေါင်းများစွာကို သူဆင်နွှဲခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးကို သူတစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ ၊ ယခု ဖြစ်ရပ်က အတော်လေး ရှက်စရာကောင်းလှသည်။

ယန်ကု ထိုသို့ လုပ်လိမ့်မည်ဟု သူလုံးဝ မတွေးထင်ထားခဲ့ပေ။ ဘိုင်မင်ဝုက သွားကြိတ်လိုက်သည်။ ဘိုင်မင်ဝုက လက်ကို ဆတ်ခနဲ ရွှေ့ကာ အောက်သို့လျှောချလာခဲ့လိုက်သည်။

ဘိုင်မင်ဝုက အဖြူရောင်ကျောက်စိမ်းနုလုံးသား ကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး သူ၏ ယွမ်ချီများကို ခြေထောက်တွင် စုစည်းထားလိုက်သည်။ သူက ယန်ကု၏ ခေါင်းကို ခြေထောက်ဖြင့်ကန်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ယန်ကုက ခပ်သဲ့သဲ့လေး လှောင်ရယ်လိုက်ပြီး သူ၏ ဒိုင်းဖြင့် ဆီးခံထားပေးလိုက်သည်။

“ထန်း ….”

ဘိုင်မင်ဝု၏ ခြေထောက်က ဒိုင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ အဖြူရောင်ကျောက်စိမ်းနုလုံးသား ကျင့်စဉ်၏ ယွမ်ချီများက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကြပြီး ဘိုင်မင်ဝု၏ ခြေထောက်သည်ပင် ဆတ်ခနဲ တုန်ခါသွားခဲ့သည်။ သို့သော်လည်း ယန်ကုက မည်သို့မှ မဖြစ်ပေ။ လေးလံထူထဲသော ဒိုင်းကြီးက သတ္တုနံရံထူကြီးတစ်ချပ်ပမာ တိုက်ခိုက်မှုများအားလုံးကို ခုခံကာဆီးနိုင်စွမ်းရှိ၏။

ဘိုင်မင်ဝုကတော့ ဘာလုပ်ရမှန်း မသိတော့ပေ။ သူ့ကို တိုက်ခိုက်ရန်အတွက် သူ၏ လှံကိုအသုံးပြုခဲ့သော်လည်း ယန်ကုက သူ၏ ဒိုင်းကိုသာ အသုံးချခဲ့သည်။

မင်ဝု၏ တိုက်ခိုက်မှုများကို ခုခံလိုက်ပြီးသောအခါ ယန်ကုက မထီတရီ ပြုံးလိုက်သည်။ သူ၏ ညာလက်က လှံကို ကိုင်ထားပြီး သူ၏ ဘယ်လက်က ဒိုင်းကို ကိုင်ထားရင်းမှပင် အရှေ့သို့ ဆတ်ခနဲ ရွေ့လျားလိုက်သည်။

(ဒိုင်းနှင့် ထိခတ်သံ)

“ဖြောင်း ….”

ဖြောင်းခနဲ အသံက ထွက်ပေါ်လာပြီး ဘိုင်မင်ဝု၏ ခန္ဓာကိုယ်တစ်ခုလုံး ယန်ကုဒိုင်းဖြင့် ရိုက်ခတ်လိုက်ခြင်းကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ရသည်။

True Martial World (BOOK 15-16) Όπου ζουν οι ιστορίες. Ανακάλυψε τώρα