C-222

136 19 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ ( ရီယွမ် )

အခန်း ၂၂၂

“လွေယုရှင်း”

လူသစ်တန်းသိုင်းပြိုင်ပွဲ၏ ပထမဆုံးနေ့ကတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။ ရီယွမ်က စုစုပေါင်း ငါးပွဲတိတိ တိုက်ခိုက်ခဲ့ပြီး သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ကျန်သည့် ခုနှစ်ပွဲကတော့ အခြားသူများက အလိုလို အရှုံးပေးသွားခြင်းကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရီယွမ်ယှဉ်ပြိုင်သည့်အလှည့်တွင် လှောင်ပြောင်ဟားတိုက်မည့်လူများကတော့ အကုန်လုံး ဆွံ့အံ့သွားကြကုန်သည်။ ဟောင်ဒုန်အဖွဲ့အစည်းကလူတွေက ဒေါသမရှိတဲ့ ကြောင်လိမ်မာလေးတွေကျနေတာပဲ။ ရီယွမ် အဲဒီလိုမျိုး လုပ်သွားတာတောင် သူတို့က ဒီအတိုင်း ငြိမ်ခံနေကြတယ်လား …

ရီယွမ်၏ ပြိုင်ပွဲများကို မြင်တွေ့လိုက်ရသော ဟောင်ဒုန်အဖွဲ့အစည်းမှ လူငယ်များက သူတို့အရှုံးပေးလိုက်တာ အတော်မှန်သွားသည်ဟု တွေးလိုက်မိကြသည်။ သို့မဟုတ်ပါက သူတို့အားလုံး၏ ဘဝတွင် အုတ်ခဲစာတစ်ချပ်က တစ်သက်တာအမှတ်တရ ဖြစ်သွားပေလိမ့်မည်။

ပထမနေ့ပြိုင်ပွဲအပြီးတွင်တော့ ရှုံးသည့်လူက လောင်းကြေးထပ်ထားသည့် နဂါးအကြေးခွံများကို ပြန်လည်ပေးချေရမည် ဖြစ်သည်။

ဟောင်ဒုန်အဖွဲ့အစည်းမှ ဖက်တီးအပါဝင် ကျန်သော မြို့တော်သခင် သုံးယောက်နှင့် အခြားသူများက ရီယွမ်ကို နဂါးအကြေးခွံများ ကမ်းပေးလိုက်ကြသည်။

ထိုနဂါးအကြေးခွံများနှင့်သာဆိုပါက အိမ်တစ်လုံးကောင်းကောင်း ငှားရမ်းပြီး အချိန်အတော်ကြာအထိ ဇိမ်ရှိရှိနေနိုင်လိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်တော့ သူတစ်ပါးကို ရှုံးကြွေးပေးသည့်အနေဖြင့် ဆပ်ပေးနေရသည်။

ထိုနဂါးအကြေးခွံများက သူတို့ပိုင်ဆိုင်သမျှ အကုန်လုံးပင် ဖြစ်သည်။

သူတို့ဘယ်လိုခံစားရမလဲဆိုခြင်းကို သိနိုင်ပေသည်။

ရီယွမ်ကတော့ သူ့ထံသို့ လွင့်ပျံလာကြသော နဂါးအကြေးခွံလေးများကို ကြည့်ကာ ဘဝင်ခိုက်ပြီး သဘောခွေ့နေပေတော့သည်။

True Martial World (BOOK 15-16) Where stories live. Discover now