C-235

143 19 0
                                    

“ အခန်း ၂၃၅ ”

“ အုတ်ဂူဟောင်းမှ ထွက်ခွာလာခဲ့ခြင်း”

နောက်တစ်နေ့တွင် လူသစ်သိုင်းပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေလျက် ရှိသည်။

ယန်ကုနှင့် ချူရှောက်ယန်တို့က သိုင်းပြိုင်ပွဲ၏ ဒုတိယနေ့တွင် ထိပ်ဆုံးအမှတ်စဉ် ၃၀၀၀ ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့အားလုံး၏ ရလာဒ်ကတော့ ဂုဏ်ယူဝင့်ကြွားစရာပင်၊

သာမန်အသိုင်းအဝိုင်းမှ ဆင်းသက်လာခဲ့သည့် ကုမူကဲ့သို့သော သင်တန်းသားသစ်သည်ပင် အမှတ်စဉ် ၄၅၀၀ အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယန်ကုနှင့် ချူရှောက်ယန်တို့၏ ရလာဒ်များကို မယှဉ်ပြိုင်နိုင်သေးသော်လည်း အခြားသော လူသစ်များထက် အပုံကြီးသာသည်။

လောလောဆယ် … လူသစ်များထဲတွင်တော့ ကုမူ၏ အဆင့်က တတိယအဆင့်ဟု ပြောလို့ရသည်။

ကုမူထက် ပို၍ ထင်ပေါ်ကျော်ကြားသည့် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး ရီယွမ်ကတော့ ယခုထိ ပေါ်မလာသေးပေ။

လူသစ်တန်း သိုင်းပြိုင်ပွဲက ဆယ်ရက်တိတိကြာသည်။ ပထမဆုံး လေး ရက်တွင်မူ လူသစ်အချင်းချင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ငါးရက်မြောက်နေ့မှစပြီး မြေပြင်အဆင့်ရှိ သိုင်းသမားများကို စိန်ခေါ်တိုက်ခိုက်ကြရသည်။ စည်းမျဉ်းစည်းကမ်းများအရတော့  လူတစ်ယောက်က တစ်နေ့လျှင် ၁၂ ပွဲတိတိ တိုက်ခိုက်ခွင့် ရှိသည်။ သို့သော် ထို၁၂ ပွဲက တကယ်တမ်း တိုက်ခိုက်ရသော တိုက်ပွဲများကိုသာ ရည်ညွှန်းပြီး ပြိုင်ဘက်က အရှုံးပေးသွားသော တိုက်ပွဲများကို ဆိုလိုခြင်း မဟုတ်ပေ။

ထို့ပြင် မိမိဘက်မှ စတင်စိန်ခေါ်နိုင်ခွင့်က တစ်နေ့လျှင် နှစ်ပွဲသာ ကန့်သတ်ထားပေးသည်။

ခြောက်ရက်မြောက်နေ့တွင်တော့ လူတစ်ယောက်က တစ်နေ့လျှင် ၁၂ ကြိမ်အထိ စိန်ခေါ်ခွင့်ရှိသည်။ မြေပြင်သင်ပုန်းတွင် သူတို့၏ နာမည်ကို ရေးထိုးနိုင်ခြင်းက သင်တန်းသားသစ်များအတွက် မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်လွယ်ကူပေသည်။

True Martial World (BOOK 15-16) Where stories live. Discover now