C-228

150 19 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၂၂၈

“လီရှောက် အဖွဲ့အစည်း”

“အစ်ကို စု ကျေးဇူးတင်ပါတယ်” …ရီယွမ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်က စုချင်းယန်ကို ကျေးဇူးတင်လိုက်သည်။

စုချင်းယန်က ခေါင်းညိတ်ကာ အသာအယာ ပြုံးပြလိုက်ပြီး ၊ “ရပါတယ် … ဘာမဟုတ်တဲ့ကိစ္စလေးပါ ချူစံအိမ်က လူသစ်တွေကို အဲဒီလို လိမ်စားနေတာကို ငါလုံးဝ ခွင့်မပြုပေးနိုင်ဘူးလေ …”

စုချင်းယန်၏ တည်ကြည်ခန့်ငြားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် အသံကို မြင်လိုက်ရသောအခါ ရီယွမ်က သဘောကျသွားမိသည်။

“ဝိညာဉ်စာချုပ်က ဘာလဲ” … ရီယွမ်က ထိုသို့မေးလိုက်သည်။ သူသိထားသင့်သည်ဟု ရီယွမ်ကထင်သည်။

စုချင်းယန်က ရှင်းပြလိုက်သည်။ “ရှေးဟောင်း မိသားစု ကလန်တွေထဲမှာ စာချုပ်မျိုးစုံ ရှိပါတယ်။ အဲဒီစာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့ အဲဒီစာချုပ်က မင်းရဲ့ဝိညာဉ်ကိုပါ သိမ်းပိုက်လိုက်တာကွ ၊ အဲဒီစာချုပ်ကို ဖျက်သိမ်းလို့လဲ မရဘူး ၊ တစ်ချို့ အဆင့်မြင့် စာချုပ်တွေဆိုရင် မင်းကို ကျွန်အဖြစ်တောင် သိမ်းသွင်းထားလို့ရတယ်။ မင်းရဲ့အသိစိတ်တွေအားလုံး ပျောက်ဆုံးသွားမယ့်အပြင် မင်းကိုလိုသလို စေခိုင်းလို့ရတယ်။ လန်ဖိုင် မင်းကို ထိုးခိုင်းတဲ့ စာချုပ်က အဲဒီလောက်ထိတော့ ကြောက်စရာမကောင်းပါဘူး ။ ဒါပေမယ့် အဲဒီစာချုပ်တွေက သေသေချာချာ ပြန်ဖတ်ကြည့်ရင် ဘယ်လိုမှ မမျှတတဲ့ အချက်အလက်တွေ အများကြီးပါတယ်”

“ချူမိသားစုကလန်က မင်းရဲ့ အလားအလာကို မျက်စိကျနေကြတာ ၊  အခု သူတို့မင်းကိုပေးတဲ့ အခွင့်အရေးတွေက သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့် မင်းသာ အဆင့်တစ်ခုအထိ တိုးတက်မြင့်မားသွားမယ်ဆိုရင် သူတို့တွေက မင်းကို စာချုပ်နဲ့ နှစ်ပေါင်းများစွာ ကိုင်ပေါက်ထားကြမှာ … ပြီးတော့ သူတို့အကျိုးအတွက်မင်းကို အမျိုးမျိုး အသုံးချကြမှာ ..”

“ကျေးဇူးပါ ၊ အစ်ကို ကျိုး အခုလို ရှင်းပြပေးလိုက်မှပဲ ကျွန်တော် အမြင်ကျယ်သွားတော့တယ်”

True Martial World (BOOK 15-16) Where stories live. Discover now