C-218

144 23 0
                                    

အခန်း ၂၁၈

“မင်းဘယ်လောက်ပဲတော်တော် …. အုတ်ခဲစာတော့ မိမှာပဲ”

ဟောင်ဒုန်အဖွဲ့အစည်းမှ လူများကတော့ အချိန်အတော်ကြာအထိ အံ့သြသင့်နေကြသည်။ မြို့တော်သခင်လေးယောက်ထဲမှ ကျန်သုံးဦးက လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ကြသည်။

“အစ်ကို ဟိုင်”

“နံပါတ် နှစ်အစ်ကိုကြီး”

သူတို့သုံးယောက်လုံး ဖန်ဟိုင်လဲကျနေရာသို့ ကမျောကသော ပြေးလာခဲ့လိုက်ကြသည်။ ဖန်ဟိုင်ကို ဝိုင်းဝန်းပွေ့ထူလိုက်သောအခါ ဖန်ဟိုင်၏ နဖူးပေါ်တွင် ကြီးမားသော ဘုကြီးတစ်လုံးက ဖူးရောင်ညိုမဲလျက် ဖြစ်ပေါ်နေပြီး နောက်စေ့ဘက်တွင်လည်း …..

ထိုဘုသီးနှစ်လုံးက အတော့်ကိုမြင်မကောင်းအောင် ရောင်ကိုင်းနေသည်ဖြစ်ရာ ဖန်ဟိုင်ကို နံဘေးဘက်မှ ရုတ်တရက်ကြည့်ပါက နားရွက်ကားကားနှစ်ဖက်နှင့် ဝက်ဝံတစ်ကောင်အလား ထင်ရစေသည်။

ထိုအခြင်းအရာက ရယ်ရမလား …. ငိုရမလားပင် မသိနိုင်တော့ချေ။

“အစ်ကိုဟိုင် …. အစ်ကိုဟိုင် “

မြို့တော်သခင်သုံးယောက်က ဖန်ဟိုင်ကို လှုပ်ခါလိုက်ကြသည်။ သူတို့အားလုံး မယုံနိုင်ခြင်းများနှင့် ပြူးကြောင်ငေးမောနေကြဆဲပင်။ ဖန်ဟိုင်က ရီယွမ်လက်ချက်ဖြင့် ထိုအခြေအနေထိတိုင်အောင် ပိုးစိုးပက်စက်ရိုက်ခံထိလိမ့်မည်ဟု သူတို့မတွေးထားခဲ့ကြပေ။

တကယ်တမ်းတွင် ပွဲကြည့်ပရိတ်သတ်များအားလုံးလည်း ထိုဖြစ်ရပ်ကို မယုံနိုင်သေးပေ။

ဖန်ဟိုင်က သူ၏ အကောင်းဆုံးသိုင်းပညာရပ်များကို ထုတ်သုံးပြီး လှလှပပ ကစားပြသွားခဲ့သည်။ ထို့ပြင် ဖန်မိသားစု၏ လျှို့ဝှက်သိုင်းပညာများလည်း ဖြစ်ကြသေးရာ ထိုကဲ့သို့ အဘယ်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

ဓါးလှိုင်းများ ၊ လှုပ်ရှားမှုများ ၊ အရှိန်အဝါများ အားလုံးက စင်းလုံးချော ပြီးပြည့်စုံလှသည်။

ဖန်ဟိုင်က သူ၏ သိုင်းပညာကို နောက်ပိုင်းတွင် ကောင်းကောင်း ကြွားလုံးထုတ်တော့မည်ဟု လူတိုင်းကထင်ထားကြသည်။ သို့သော် … သို့သော် ထိုသိုင်းပညာကို သူထုတ်သုံးလိုက်သည်နှင့် ရီယွမ်၏ အုတ်ခဲတစ်လုံးအောက်တွင် အရာအားလုံး အဆုံးသတ်သွားသည်တဲ့လား ။

True Martial World (BOOK 15-16) Where stories live. Discover now