C-223

138 22 1
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၂၂၃

ညအခါတွင်တော့ လူသစ်များအားလုံး  သိုင်းပြိုင်ကွင်းခန်းမကျယ်ကြီးထဲ၌ စုရုံးရောက်ရှိနေကြသည်။ သူတို့အားလုံး နောက်တစ်နေ့အတွက် ယှဉ်ပြိုင်ခွင့် တံဆိပ်ပြားများကို စောင့်ဆိုင်းရင်း ယနေ့ကြုံတွေ့ခဲ့သော တိုက်ပွဲများအကြောင်း ပြောနေကြသည်။

ရီယွမ်ကဲ့သို့ကျော်ကြားသော လူငယ်များအားလုံး တစ်ရက်လျှင် တိုက်ပွဲ၃၀ ကျော်အထိ တိုက်ခိုက်ရန်  ရည်ရွယ်ထားခဲ့သည်။ အခြားသူများကတော့ တိုက်ပွဲများ သိပ်များများစားစား မရှိကြချေ။ သူတို့အားလုံး ပထမနေ့ ရလာဒ်ကို မူတည်ပြီး နောက်တစ်နေ့တိုက်ပွဲအတွက် အစီအစဉ်ဆွဲကြခြင်း ဖြစ်သည်။

ထို့ကြောင့် စိန်ခေါ်သူများ၏ တံဆိပ်ပြားများကို စောစီးစွာ ကြိုတင်ထုတ်ထားပေးခြင်း ဖြစ်သည်။

ယခင်နေ့များကတော့ ရီယွမ်၏ တံဆိပ်ပြားက အတော်လေး ဖောက်သည်များသော်လည်း ယနေ့တွင်တော့ ရီယွမ်၏ တံဆပ်ပြားက ပူလောင်နေသော အာလူးတစ်လုံးလိုဖြစ်နေသည်။ မည်သူမှ မကိုင်ချင်နေကြပေ။

“ကျန်းချန်က ဘယ်သူလဲ … မင်းရဲ့ တံဆိပ်ပြားကို မြန်မြန်လာယူစမ်း”

တံဆိပ်ပြားများကို ဝေဌပေးနေသည့်လူက စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချန်၏ မျက်နှာက သေချင်စော်နံသွားသည်။ သူ့မိဘများ သေဆုံးသည့် သတင်းကို ကြားလိုက်ရသည့်နယ် လူအုပ်ကြီးထဲမှ စိတ်မပါတပါဖြင့် တိုးထွက်လာခဲ့သည်။

စားပွဲပေါ်တွင် ရီယွမ်၏ တံဆိပ်ပြားကို မြင်တွေ့လိုက်ရသောအခါ ကျင်းခန် ငိုချင်သွားသည်။ ငါ့အလှည့်ကျမှ ဘာဖြစ်လို့ ကံဒီလောက်ဆိုးရတာလဲ ။ ထိုတံဆိပ်ပြားကို မြင်လိုက်ရသည်နှင့် အုတ်ခဲတစ်ခုနှင့် ထိတွေ့လိုက်ရသလိုမျိုး ကျောထဲ စိမ့်ခနဲ ဖြစ်သွားသည်။

အုတ်ခဲနှင့် အထုခံရခြင်းလောက် ဆိုးဝါးတာ မရှိတော့ချေ။

ကျန်းချန် စင်ပေါ်သို့တက်သွားသည်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က သူ့ကို ကျော်ဖြတ်သွားသည်။ ထိုလူငယ်က လက်နှစ်ဖက်ကို ပိုက်ထားပြီး ခပ်သာသာလေး ပြုံးနေပေသည်။

True Martial World (BOOK 15-16) Where stories live. Discover now