C-240

314 38 10
                                    

အခန်း ၂၄၀

“မှတ်တမ်းတင် မှော်အစီအရင်”

ပရိတ်သတ်များ၏ အံ့အားသင့်နေသော မျက်ဝန်းများအောက်မှ ရီယွမ်က စင်မြင့်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။ ထိုအချိန်တွင် တိုးဖျော့သော အသံတစ်ခုက စင်မြင့်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။

“ရီ … ရီယွမ် …”

ရီယွမ်က တုန့်ခနဲ ရပ်ကာ အနောက်သို့လှည့်ကြည့်လိုက်သည်။ အသံပိုင်ရှင်ကား ယန်ကုပင် ဖြစ်သည်။ ရီယွမ်၏ ဓါးမော့က သူ၏ရင်ဘတ်ကို ဟက်တက်ခွဲလုနီးပါး ဖြစ်သွားခဲ့သောကြောင့် အသက်ကိုခက်ခက်ခဲခဲရှုနေရကာ အသံအကျယ်ကြီး မပြောနိုင်ချေ။

“အဲဒီ … သိုင်းကွက် .. ကို မင်းဘယ်ကနေသင်ခဲ့တာလဲ” .. ယန်ကုက ထိုစကားများကို ခက်ခက်ခဲခဲပြောလိုက်ရသည်။ သမားတော်များက စကားမပြောရန် အကြံပေးထားသော်လည်း ယန်ကုက မသိကျိုးနွံပြုလိုက်သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အကြီးအကဲတစ်ယောက် ငါ့ကို တစ်နေရာခေါ်သွားပြီး သင်ပေးခဲ့တာ ရီယွမ်က အဓိကအချက်ကို ဖုံးကွယ်ပြီး ပြန်ပြောလိုက်သည်။ အုတ်ဂူဟောင်း၏ အကြောင်းကိုတော့ သူထိန်ချန်ထားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က … ဟုတ်လား” … ယန်ကုက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရီယွမ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်ကို ပြန်အမှတ်ရသွားသည်။ ယန်ကုက မချိပြုံး ပြုံးလိုက်ပြီးနောက် … “အင်း … ငါသိပြီး … မင်းပျောက်သွားတာ ဓါးမော့သိုင်း သွားသင်နေတာကိုး”

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ပြင်းထန်အားကောင်းလှသော ဓါးချက်ကို သင်ယူရန်အတွက် ရက်အနည်းငယ်သာ ကြာမြင့်သည်တဲ့လား …

လုံးဝမတွေးရဲစရာပင် ဖြစ်သည်။

“အဲဒီ သိုင်းကွက်နာမည်က ဘာလဲ” … ယန်ကုက ထပ်မေးလိုက်ပြန်သည်။ ရီယွမ်က ထိုဓါးချက်ကိုအသုံးပြုခဲ့စဉ်က သိုင်းကွက်နာမည်ကို မဟစ်ကြွေးခဲ့ပေ။

ရီယွမ်က အနည်းငယ် တွေဝေနေပြီးမှ … “အာဏာအလွန် …”

ထိုစာသားက ရီယွမ်သုံးလိုက်သော သိုင်းကွက်နာမည်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသိုင်းကွက်ကို ဓါးမော့တရား ၃၂ပါးထဲမှ သိုင်းဈာန်များဖြင့် ရယူဖန်တီးထားခြင်း ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Apr 10, 2020 ⏰

Add this story to your Library to get notified about new parts!

True Martial World (BOOK 15-16) Where stories live. Discover now