❤သက္ကရာဇ်ရဲ့ ရာစုနှစ် ❤ Part 1

1.5K 50 2
                                    

❤..............................🖤
Unicode Version

သားးးရေ..မေမေ့ကိုလမ်းထိပ်မှာ ကြက်ဥသွားပေးအုံး
ဟုတ်ကဲ့.မေမေ..
ရာစု...ကြက်ဥဝယ်ပြီး ပြန်လာရင်လမ်းမှာကလေး တစ်သိုက်နဲ့တွေ့ရော..
"ဟင်.အရှေ့မှာ..ရာဇာတို့ပါလား ငါဘယ်လိုလုပ်ရပါ့မလဲ" ရာစု ခေါင်းလေးငုံ့ပြီးပြေးဖို့ကြံနေတုန်း ရာစုရှေ့ကနေ ရာဇာတို့ ပိတ်ရပ်လိုက်တယ်..
"နေပါအုံး စုလေးရဲ့ ဘယ်ကိုပြေးဖို့လဲ"
"ရာ...ရာဇာ ငါအိမ်ပြန်မလို့ မေမေစျေးဝယ်ခိုင်းလို့ လာတာကြာနေလို့မေမေဆူလိမ့်မယ်"
"မဖယ်ပေးဘူး..မင့်ငါ့ကို မိန်းက​လေးလိုကပြရင် ဖယ်ပေးမယ်"
"ရာ..ရာဇာ ငါက ကမှမကတတ်တာပြီးတော့ငါ မိန်းကလေးလဲမဟုတ်ဘူး "
"ဟားးးး..မင်းကမိန်းကလေးမဟုတ်ဘူးဟုတ်လား..ဟားဟား ဟျောင့်တွေ သူကမိန်ကလေးမဟုတ်ဘူးတဲ့ ဒါဆိုဘာလဲ"
"အခြောက်......"ဟားးးးးးးး ရာဇာတို့အုပ်စု ရာစုကိုဝိုင်းပြီးလှောင်နေကြလို့ ရာစုမှာကြောက်နေရတယ် 😢 "ရာစု မင်းကငါ ကခိုင်းတာမကပြဘူးပေါ့ အာ့ဆိုရတယ် မင်းငါတို့န​ဲ့လက်သီးထိုးရမယ်.. "
" ရာစု လက်သီးလဲမထိုးရဲဘူး... ရာစုပြန်ပါရစေနော်..😢"
"ရတယ်လေမင်းမထိုးရဲရင် ငါသင်ပေးမှာပေါ့ ဒီလိုထိုးရတယ် " ပြောပြီး 'ရာဇာ'မှာ 'ရာစု'ကို ထိုးလိုက်တာ ရာစုမြေကြီးပေါ်လဲကျသွားတယ် 'ရာစု'ထမလိုကြံတုန်းရှိသေးတယ် 'ရာဇာ'တို့အုပ်စုမှာ ရာစု' ကို ဝိုင်းပြီးကန်ကြပါလေရော 'ရာစု'လေးမှာငိုနေရုံကလွဲပြီးဘာမှမတတ်နိုင်ရှာဘူး (သနားပါတယ်)
"ဟေ့...ရပ်လိုက်စမ်း မင်းတို့တစ်ယောက်နဲ့အများ ဝိုင်းထိုးနေတာမရှက်ဘူးလား " နောက်မှ
အော်သံကြား၍ 'ရာဇာ'တို့အုပ်စု ရပ်သွာကာ "ဘာလဲ ခင်ဗျားက အကြီးဆိုပြီးဆရာဝင်လုပ်တာလား " ဟ ဒီကလေးတွေမလွယ်ပါလား လို့ 'သက္ကရာဇ် 'စိတ်ထဲကနေတွေးလိုက်မိတယ်... "မဟုတ်ပါဘူး အစ်ကိုက မင်းတို့တွေရန်ဖြစ်နေတာ လူကြီးတွေမြင်ရင်ရိုက်ခံရမှာစိုးလို့ ဝင်ဖြန်ဖြေပေးတာ ပါ" လူကြီးတွေလို့ပြောလိုက်တာနဲ့ ဟိုကလေးတွေ လဲနေတဲ့ချာတိတ်ကိုတစ်ချက်စိုက်ကြည့်ပြီးထွက်သွားတယ်...*ဟူးတော်သေးတာပေါ့ ပြောစကားနားထောင်လို့* 'သက္ကရာဇ်' လည်း လဲကျနေတဲ့ချာတိတ်ကိုထူးပေးရင် "မင်းက ကိုယ့်ကို အနိုင်ကျင့်နေတာကိုငြိမ်ခံနေရလား ပြန်ချလေကွာ"
"ဟို....ဟို ရာစုကရန်မဖြစ်တတ်ဘူး ပြီးတော့မေမေကလဲရန်မဖြစ်ရဘူးလို့သင်ထားလို့ "
"အော်...* မိဘစကားနားထောင်တဲ့ လူလိမ္မာလေးပဲ*"ဟု 'သက္ကရာဇ်' စိတ်ထဲကတွေးနေမိလိုက်တယ်.."အော် ဒါနဲ့ ကိုယ့်နာမည်က သက္ကရာဇ် ပါ မင်းက " "ရာစုနာမည်က ရာစုနှစ်ပါ " " အော် ..ကိုယ်ကခုမှဒီရပ်ကွက်ကိုပြောင်းလာတာလေ ကိုယ့်အသက်က 13 နှစ် မင်းကရော? " " ရာစုကအသက် 9နှစ်ပါ ရာစုက 4 တန်းဖြေထားတာပါ" "မင်းကငါ့ထက် 4နှစ်တောင်ငယ်တာပဲ ငါက7တန်းဖြေထားတာ ဒါဆို ငါမင်းနဲ့ခင်သွားပြီနော်.. " " ဟုတ်ကဲ့... ကိုကို" "ဟင်..ဘယ်လိုခေါ်လိုက်တယ် " " ဟုတယ်လေ ကိုကိုက ရာစုထက် 4နှစ်တောင်ကြီးတယ်လေ အာ့ကြောင့်ခေါ်တာလေ မကြိုက်လို့လား ရာစုမှာ အစ်ကိုလဲမရှိ အမလဲမရှိလို့ အစ်ကိုတစ်ယောက်ရသလိုမျိုးခေါ်တာပါ " "မဟုတ်ပါဘူး ကြိုက်ပါတယ်...ငါလဲညီလေးတစ်ယောက်ရတာပေါ့.. အာ့ဆိုဒီနေ့ကစပြီးမင်နဲ့ငါက ညီအစ်ကိုဖြစ်သွားပြီနော် ငါကလဲ မင်းကို ရာရာလို့ခေါ်မယ်နော် " "ဟုတ်ကဲ့ ကိုကို ဟီးးးး" ရာစု သက္ကရာဇ် ကိုသွားလေးတွေပေါ် အောင်အထိကိုရီပြလိုက်တယ်.. အယ်မေ့နေတာ မေမေကကြက်ဥဝယ်ခိုင်းလိုက်တာ ကြာနေလို့ ရိုက်ခံရတော့မှာပဲ "ကိုကို ရာစု အိမ်မြန်မြန်ပြန်မှရမှာပြန်ပြီ ကြာလို့မေမေရိုက်လိမ့်မယ် " ပြောပြီးသည်နှင့်ပြေးရလေသည် အိမ်ရောက်ရင်မေမေ့ကို ရှင်းပြရအုံးမယ်.သက္ကရာဇ် ပြေးသွားတဲ့ ရာစုကိုကြည့်ပြီး * ရာစုမင်းက တကယ်ကိုချစ်ဖို့ကောင်းတာပဲကွာ မျက်နှာလေးကဖြူဖြူဥဥလေးနဲ့ နှုတ်ခမ်းကလဲရဲရဲလေး မင်းကိုတော့တစ်ကယ်ခင်သွားပြီ ရာစုရေ * သက္ကရာဇ် တစ်ယောက်တွေးပြီး အိမ်သို့ပြန်လာခဲ့သည်...."မြေး ဘယ်တွေလျောက်သွားနေတာလဲ ခုမှ ပြောင်းလာတာကို. ဘာလဲအိမ်ကိုမကြိုက်လို့လား " "မဟုတ်ပါဘူးဖွားရယ် သားရပ်ကွက်ထဲလျောက်ကြည့်နေတာပါ ဘယ်လိုအခြေအနေရှိလဲလို့ ပြီးတော့သူငယ်ချင်းတောင်ရလာပြီသားက " "ဟယ်ဟုလား ဖွားမြေးကလူချစ်လူခင်ပေါတော့ သူငယ်ချင်းတွေများကြီး ရမှာပါ..." တစ်ဖက်မှာရာစုကတော့ 😁 "ရာစု...ပြန်လာသေးတယ်နော် " မေမေရဲ့အော်သံကြောင့် ရာစုမှာလန့်ပြီးခန္ဓာကိုယ်တောင်တုန်တက်သွားရှာတယ် ပြီးတာနဲ့ သွားတွေဖြဲပြီး "ဟီးးးးးး😁 မေမေကလဲ သားက အိမ်မပြန်လို့ဘယ်မှာသွားနေရမှာလဲလို့ "နှုတ်ခမ်းလေးဆူကာပြောနေပုံမှာ ဒေါ်သူဇာအောင်မှာ သက်ပြင်းသာချနေရတယ် ငယ်ငယ်ထဲကဖေဖေမရှိလို့ ကိုယ်ကပဲအဖေတစ်ဖြစ်လဲ အမေတစ်ဖြစ်လဲ ချော့တခါခြောက်တစ်လှည့် စောင့်ရှောက်လာခဲ့ရတာ ဒါပေမယ့်သားကလိမ္မာပါတယ် ခက်တာကသားကငယ်ငယ်ထဲက ယောကျာ်း လေးလို ဆော့တာမျိုးမရှိဘဲအေးဆေးလေးနေတတ်တာကိုစိတ်ပူနေရတယ် ဘာလို့ဆို သားကိုကျောင်းကသူငယ်ချင်းတွေက အခြောက်ဆိုပြီး အနိုင့်ကျင့်ကြလို့..အပေါင်းအသင်းမလုပ်ကြလို့ပဲ..တွေးနေတုန်း " မေမေ ဘာတွေတွေးနေတာလဲ သားခေါ်နေတယ်လေ " ဒေါ်သူဇာအောင်မှာ အတွေးပြတ်သွားပြီ " ဟမ် မတွေးပါဘူး သားရဲ့ ဒါနဲ့မေမေ ဝယ်ခိုင်းလိုက်တဲ့ ကြက်ဥတွေရော " "အဲ့တာသားခုပြောနေတာလေ မေမေ ကဘာတွေတွေးနေတာလဲ ကြက်ဥတွေကလမ်းမှာကျကွဲသွားတယ်လို့ ဟီးးး😁" " နေပါအုံးကျကွဲရအောင်သားကဆော့တဲ့ကလေးလဲမဟုတ် ဒါမှမဟုတ် အနိုင်ကျင့်ခံရပြန်ပြီလား..မေမေကိုပြောစမ်း " "မဟုတ်ပါဘူးမေမေရဲ့ ဟို.ဟို" သားရဲ့ဟိုဟိုကြောင့်စိတ်ပူနေရပြီ နေပါအုံးသေချာကြည့်မှ သားရဲ့မျက်နှာဘယ်ဘက်နဲ့ နဖူးမှာ ညိုနေပါ့လား " ရာ စု သစ်.. "
"ဗျာ " " မေမေ ကိုအမှန်တိုင်းပြောစမ်း ဘယ်သူလဲ မေမေ သူ့အမေကိုသွားတိုင်မယ် ပြောလေ " "........" ဘာမှပြန်မပြောတာနဲ့သိလိုက်ပြီ ရာဇာ ဆိုတဲ့တစ်ယောက်ပဲနေမှာ ဒီကလေးက သူ့အမေက ပိုက်ဆံလေးရှိတော့ ဘယ်သူမှ ပြန်မပြောရဲဘူး အကြွေးမပေးမှာစိုးလို့..ခက်တယ် " ရာစု မေမေ မေးနေတယ်လေ " ထိုအခါမှ နှုတ်ကမဖြေဘဲ ခေါင်းလေး​ငြိမ့်ပြတယ်... " သားရယ်..မေမေကိုအစောထဲကပြောပေါ့ လာမေမေ ကြက်ပူထိုးပေးမယ် " " ဟုတ်ကဲ့ ... အော် မေမေ သားလေ ကိုကိုတစ်ယောက် ရခဲ့တယ် " " ဘယ်ကကိုကိုလဲ သားရဲ့ " "ဒီရပ်ကွက်ကပဲတဲ့ ခုမှပြောင်းလာတာတဲ့ သူကသားကိုခင်ခြင်လို့တဲ့ ညီလေးလို့လဲခေါ်တယ် " " သား...ကရောသူ့ကိုခင်လား" " ခင်တယ်မေမေ ရာဇာ တို့လက်ကနေ အဲ့ကိုကိုက ကယ်ပေးတာပဲ ဟီးးးးး" သွားလေးတွေပေါ်အောင်ရယ်ပြနေတယ့်သား ကိုကြည့်ပြီး သူစိမ်းတစ်ယောက်ကိုခင်တွယ်ကြောင်းပြောတာ ခုမှပဲ ကြားဖူးတော့တယ် သားကငယ်ငယ်ထဲက သူစိမ်းတွေနဲ့ရောနှောမှုမရှိ သူငယ်ချင်းလဲမထားတဲ့သားကခု သူစိမ်း တစ်ယောက်ကို ကိုကိုလဲခေါ်တယ် ခင်တယ်လဲပြောတယ် ပြီးတော့သားပျော်ရွှင်နေပုံကြည့်ရရင်ဒီ ကိုကို ဆိုတဲ့ကလေးက သားကိုဘာတွေများသိမ်းသွင်းထားလဲမသိဘူး နောက်မှသားကိုပြောပြီးတွေ့ကြည့်ရမယ်..ဒေါ်သူဇာအောင်အတွေးကောင်းနေတာ " မေမေ မေမေလို့"
" ဟမ်...ဟမ်"
" တွေ့လားမေမေက သားပြောနေတာကို ဘာတွေစဥ်းစားနေမှန်းမသိဘူး " "ဘာမှမဟုတ်ပါဘူး..သားပြောတဲ့ကိုကို ကိုတွေ့ဖူးခြင်လိုက်တာလို့စဥ်းစားနေတာ."
"အော် နောက်ကြမိတ်ဆက်ပေးမယ် ခုသားဗိုက်ဆာလို့ ဘာချက်လဲဟင်" " သားကြိုက်တဲ့ ကြက်ပုန်းရည်ရယ် ပဲသီးကတော့ကြက်ဥမရတော့ ကြက်ဥမပါဘူးပေါ့သားတယ် အချဥ်ဟင်းရယ် ငါးပိရည်လေးကျိုပေးထားတယ်" "ဟာ.. သားကြိုက်တယ်စားမယ်" ပေါင်ပေါ်မှာထိုင်ရာကနေပြေးသွားတဲ့သားကိုကြည့်ပြီး ချစ်မဝဖြစ်နေရတယ်..

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now