❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 20

389 17 0
                                    

🔶 Unicode version 🔶

"အားးးးး "

မိုးပွင့်လဲ အော်ပြီး သတိလစ်သွားခဲ့သည်။ ထိုအခါ ထိုလူလဲ ဖုန်းနံပါတ်တစ်ခုကို ကောက်ဆက်လိုက်သည်။

" hello ကျတော် အစီအစဥ်တိုင်း အကုန်လုပ်ပြီးပြီ"

"ဟုတ်... ဒါဆိုရပြီ သူ့ကိုထားခဲ့ပြီးတော့ ပြန်လို့ရပါပြီ.."

တစ်ဖက်ကဖုန်းချသွားတော့မှ သုတလဲ အိမ်ထဲပြန်ဝင်ခဲ့သည်။

"ကလေး....နိုးနေတာလား "

"Omm...ကိုကိုကဘေးမှာမှမရှိတာ "

"Aww..ကိုကို မနက်ဖြန်ရှယ်ရာအစည်းအဝေး အတွက်အစီရင်ခံစာလေးတွေ ကြည့်နေလို့ပါ "

"ဟွန့်....အလုပ်ပဲလုပ်နေ့ နေ့ရောညရော မပြောခြင်ဘူး "

ပြောပြီးတာနဲ့ နှုတ်ခမ်းလေးဆူကာ ဝရံတာဘက်ထွက်ခဲ့သွားလေသည်။ သေချာတယ် ချော့ရအုံးမယ်..တေဇာလဲ စောင်ပါးလေးကိုဆွဲယူကာ အပြင်ထွက်လာပြီး

"ကလေး အပြင်မှာအေးတယ်လေ လေတွေအရမ်းတိုက်နေတာကို "

ပြောပြီးသည်နှင့် မိမိယူလာတဲ့ စောင်ပါးလေးကို လွှားခြုံပေးကာ နောက်ကနေသိုင်းဖက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်သည်။

တေဇာရဲ့အပြုအမူကြောင့် သုတမှာ စိတ်ကျေနပ်ကာ ပြုံးနေလိုက်သည်။

"ကိုကို ကိုစိတ်ကောက်နေတာလား ကလေး"

"ဟွန့် အစကတော့ အနားမှာမရှိလို့ ကောက်မို့ပဲ ခုတော့ကောက်တော့ဘူး ဟီးဟီး "

ထိုညကကောင်းကင်ကြီးက သာယာလှပနေပြီး ကြယ်လေးတွေမှာလဲ ချစ်သူနှစ်ယောက်ရဲ့ အနမ်းတွေကြောင့် မှိတ်တုတ်မှိတ်တုတ်နဲ့ မျက်တောင်လေးတွေခတ်နေသလို လမင်းကြီးကတော့ ရှက်သွားသဖြင့် တိမ်ကလေးတွေရဲ့ ရင်ခွင်ထဲ ဝင်ပုန်းလိုက် ချစ်သူနှစ်ယောက်ကို အလင်းပေးလိုက်နဲ့ ဖြစ်နေပြီး
လေပြည်လေးတွေကတော့ သစ်ရွက်လေးကို ကြည်စယ်ကာ တိုက်ခတ်နေခဲ့သည်။

ထိုနေ့ကညက အိမ်မှာကမ္ဘာလေးထဲကို အလည်သွားတဲ့ ကောင်လေးနှစ်ယောက်ဟာလဲ ပျော်ရွှင်မှုတွေနဲ့ အိပ်စက်ခဲ့ရသည်။
.
.
.
.
.
.
.
.
.
.
.
.
.

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now