❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 28

334 18 0
                                    

🔶 Unicode version 🔶

သုတလဲကျောင်းရှေ့ကားရပ်တယ်ဆိုတာနဲ့

"ငဆက်..ငဆက် ထတော့ ရောက်ပြီ ဆင်းမယ် "

"ဟင်...အင်းအင်း.."

သုတမှာပြောလဲပြော တိမ်လွှာကိုကျော်ကာ ကျောပိုးအိတ် ဆွဲပြီးလျောက်သွားသဖြင့် ကမန်းကတမ်းထကာ ကျောပိုးအိတ်ကောက်ဆွဲကာ ပြေးလိုက်ရသည်။

အောက်ရောက်တော့ ကိုယ့် luggage ကိုယ်ဆွဲကာ
လာကြိုတဲ့သူတွေကြား ကိုကိုရှာတော့လဲ မတွေ့ ကိုအာကာကိုရှာတော့လဲ မတွေ့သဖြင့်

"ငဆက်...ကိုကိုလဲမတွေ့ဘူး ကိုအာကာလဲမတွေ့ဘူး"

"ကိုက လာမကြိုအားဘူး ဒီညdutyရှိတယ်တဲ့ မင်နဲ့ပဲပြန်လိုက်ခဲ့တဲ့ "

"ဟုလား...ကိုကိုလဲမတွေ့ဘူးရော "

"အေးကွ လာတာပဲနောက်ကျနေတာလား မေ့များမေ့နေလားမသိ"

"ဟင့်အင်း...ကိုကိုကဘယ်တော့မှမမေ့တတ်ဘူး "

နှစ်ယောက်သားစကားတပြောပြောနဲ့ လူအုပ်ထဲ ပတ်ရှာနေရင်း ကားတွေရပ်ထားတဲ့ဘက်ထွက်လာကာ

"ကားလဲမတွေ့ဘူးကွာ "

"လမ်းမှာပဲရှိသေးလို့နေမှာပေါ့ ကွ လာမှာပါ မင်းကလဲ "

"တွေ့ချင်နေပီ ဟွန့် "

နှစ်ယောက်သား စကားနိုင်လုနေတုန်း မိမိတို့အရှေ့ကားတစ်စီး ထိုးရပ်လာကာ လူတစ်ယောက်ဆင်းလာပြီး....

"ဟို....ကိုသုတလား မသိဘူးခင်ဗျ "

"ဟုတ်တယ်...ဘယ်သူလဲမသိဘူး "

"ကျတော်တို့ကို သူဌေးကလာကြိုခိုင်းလို့ပါ "

"ဟင်...ကိုကိုကလား? ဘာလို့သူကိုယ်တိုင်မလာတာလဲ "

"ဟုတ်ကဲ့....ဟိုcompany မှာ အရေးပေါ်အစည်းအဝေးရှိလို့ပါ ဒါကြောင့်ကျတော်တို့ကိုလာကြိုခိုင်းလိုက်တာပါ"

"ဟွန့်...ကိုကိုကလဲ ဒီချိန်ကြီးကျမှ "

"မင်းကလဲ အကိုတကယ်မအားလို့နေမှာပါ "

"ကိုကိုကားလဲမဟုတ်ဘူး "

"company ကကားပါဗျ "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now