🔶 Unicode version 🔶
"ဗျာ.....!"
"မနက်ကတောင်အကောင်းကြီးကို..ဘယ်လိုဖြစ်တာလဲ အာကာကိုရောဖုန်းဆက်ပြီးပြီလား မဖြစ်သေးပါဘူး "
တစ်ယောက်ထဲပြောက ပြာယာခတ်နေတဲ့ တေဇာကိုကြည့်ပြီး ဖွားခင်မှ
" မြေးရယ်...မြေးငယ်ကဘာမှမဖြစ်ဘူး အစပ်တွေစားလို့ ဗိုက်အောင့်တာပဲရှိတာ..ဟုတ်ပြီလား "
ဖွားခင်မှာ သုတလေးရဲ့ တေဇာကိုမပြောပါနဲ့ဆိုတဲ့အပြောကြောင့်ညာပြောလိုက်ရသည်။ တေဇာလဲ သုတလေးကိုကြည့်ရန် အပေါ်ကို အပြေးတစ်ပိုင်းတက်လာခဲ့သည်။
"ဒေါက်..ဒေါက်..ကလေး..ကိုယ်ဝင်ခဲ့မယ်နော် "
ပါးစပ်ကသာခွင့်တောင်းနေတာ လူက ကုတင်ဘေးရောက်နေပြီ...
"ကလေး..အရမ်းအောင့်နေလား..ဘယ်လိုနေသေးလဲခု "
ကလေး..ကလေးနဲ့ ပါစပ်ကမချဘူး..အမြင်အရမ်းကပ်တာပဲ (နောက်ကျအမြင်မခွာနိုင်ဘဲ ဖြစ်မယ်ကလေး😁)
" မသေသေးဘူး..အသက်နဲ့အဝေးကြီး..ဒါပေမယ့် ဦးလေးကြီးကိုမြင်လိုက်မှပဲ...လူကပိုပြီးတော့နေလို့ထိုင်လို့မကောင်းတော့သလိုပဲ "
"ပြောရက်တာ ကလေးရယ်..ကိုယ်ကအရမ်းစိတ်ပူနေလို့ပါ "
"မလိုဘူး...ဖွားရှိတယ် ကိုအာကာရှိတယ် "
"ဟုတ်ပါပြီ..." ဆက်ပြောလဲ ဘုကလန့်တွေသာဆက်ပြောနေမှာ ဖြစ်သဖြင့် ကိုယ်ဘက်ကသာအလျော့ပေးပြီး
" ဒါဆို...ခုဘာစားခြင်လဲ အစပ်ကလွဲရင်..ကြိုက်တာပြော "
"တကယ်လား "
အစားဆိုတဲ့အသံကြားတာနဲ့ မျက်လုံးကဘလင်းဘလင်းကို ဖြစ်နေတာ.."တကယ်ပေါ့ဗျာ.."
"Omm...အဲ့တာဆိုရင်..ကြက်ဆီထမင်းနဲ့ bubble milk tea စားခြင်တယ်..နော် (မင်းလေးကလဲ အစားနဲ့ မြူဆွယ်လိုက်တာနဲ့)"
"Ok..ကိုယ်ခုလိုက်ဝယ်ကျွေးမယ်လေ "
ငေါက်ခနဲထထိုင်လိုက်တဲ့ သုတလေးကြောင့် တေဇာမှာ* အော် မုန့်အစွမ်းက အဲ့လောက်တောင်ထက်သလား *စိတ်ထဲကရေရွတ်ကာ အောက်ကိုဆင်းလာတော့..ကိုယ်တော်လေးကကားပေါ်တောင်ရောက်နှင့်နေပြီ..
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ