❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 19

381 18 0
                                    

🔶 Unicode version 🔶

" သုတ...ငါနင်နဲ့စကားပြောစရာရှိလို့ "

စာမေးပွဲဖြေရန်အတွက် တစ်ပတ်သာလိုတော့သဖြင့် အိမ်မှာပဲစာကြည့်ဖြစ်သည်။ ခုလဲ အိမ်ပေါ်မှာ စာကြည့်ရတာ ပျင်းတာနဲ့ ဆင်းလာတုန်း မိုးပွင့်မှ ပြောစရာရှိတယ်ဆိုတဲ့အတွက် သူ့နောက်မှ လိုက်လာခဲ့သည်။

မိုးပွင့်လဲ အိမ်ဘေးက ရေကူးကန်နားရောက်တော့ ရပ်သွားကာ..

"သုတ နင်ကယောကျ်ားလေးဖြစ်ပြီး အောက်တန်းကျတဲ့ အလုပ်တွေလုပ်တယ်နော် "

"အဟက်...ကျတော်ကဘာတွေလုပ်လို့လဲ ပြောစမ်းပါအုံး "

"ငါ မသိဘူးမထင်နဲ့ နင်ငါအစပ်ကြောက်လို့ အစပ်တွေချက်ပြီး အတင်းကြွေးတယ် ပြီးတော့ ငါပိုးဟပ်ကြောက်မှန်းသိလို့ ငါ့ဗီရိုထဲကို ပိုးဟပ်တွေဖမ်းပြီး ထည့်ထားတယ်...ပြီးတော့ အမှောင်ကြောက်မှန်းသိလို့ ညဘက်ကြီးငါရေချိုးခန်းဝင်မှ တံခါးလော့ချပြီး မီးmainချပစ်တယ် နင်တော်တော် ယုတ်မာပါ့လား မိန်းမကျင့် မိန်းမကြံနဲ့ "

"ဟွန့်....ခင်ဗျားသိရင်လဲ ပြီးတာပဲ ဟုတယ်ကျတော် လုပ်တာ ခင်ဗျားကို အိမ်မှာမနေစေခြင်လို့ ရှင်းလား"

"အဟက် အဲ့တာနဲ့ပဲ ငါကလွယ်လွယ်နဲ့ အလျော့ပေးပြီး ထွက်သွားမယ် ထင်လားဘယ်တော့မှ ဒီလိုဖြစ်လာမှာမဟုတ်ဘူး မိုးပွင့်ဖြူက သူလိုချင်တဲ့အရာဆို မရရအောင် ယူတတ်တယ်..သူမှမရရင်လဲ တခြားသူလဲမရစေရဘူးဘဲ အဲ့တာနင်မှတ်ထားလိုက်"

"ဟုတ်လား....ခင်ဗျား တခြားဟာတွေသာ ရချင်ရလိမ့်မယ်..ကိုကို ကိုတော့ရမယ်မထင်ဘူး "

"စောင့်ကြည့်လိုက်လေ..အကိုသာ နင့်ရဲ့ယုတ်မာမှုတွေကိုသိခဲ့ရင် ခုလိုမျိုးချစ်နိုင်ပါ့အုံး မလားဆိုတာ ပြီးတော့ မှတ်ထားလိုက် အကိုနင့်ကိုချစ်တယ်ဆိုတာ ခနတာ စိတ်ပျော်ရွှင်မှုအတွက်ပဲ ချစ်ခဲ့တယ်ဆိုတာ ဟင့် နင်ရှက်သင့်တယ် ယောကျ်ားတွေက သူတို့ရဲ့ ရင်သွေးကိုမွေးပေးနိုင်တဲ့သူသာ သူတို့ တကယ်လက်ထပ်ယူတယ်ဆို နင်မသိတာလား မေ့နေတာလား "

"ခင်ဗျား....ကတော်တော် အောက်တန်းကျပါလား ဟင့်...အဲ့လိုစကားတွေနဲ့ထိုးနှက်တာနဲ့ ကျတော်ကလဲ ကိုကို ကိုလက်လျှော့မယ်ထင်လား စောင့်ကြည့်လိုက်လေ ကိုကိုကခင်ဗျားဘက်ပါလာ မလားဆိုတာ "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now