❤သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 14

451 22 2
                                    

🔶 Unicode version 🔶

* ဟင်...သူအခုဘာလုပ်လိုက်တာလဲ ပြီးတော့ ငါ့ရင်တွေခုန်နေတာလား * တိမ်လွှာတွေးနေရာမှ အသက်ရူကြပ်လာသဖြင့် အာကာကိုတွန်းထုတ်ကာ

" ခင်...ခင်ဗျား...ဒါဘာလုပ်တာလဲ "

"အကို..တောင်းပန်ပါတယ် ညီ..😔 ညီကိုတွေ့တိုင်း အကို့စိတ်တွေကို ထိန်းချုပ်ထားပါတယ်..ဒါပေမယ့် ဒီတစ်ခါကို အကိုမထိန်းနိုင်လို့ပါ sry ပါနော်..ပြီးတော့ တကယ် ညီ့ကို အကို ချစ်တာပါ ညီကိုချစ်တဲ့အချစ်ကတော့ စိတ်ရင်းမှန်ပါ ဘယ်သောအခါမှမပြောင်းလဲပါဘူး အကို ညီ့ကိုအခွင့်အရေး ယူလိုက်တာလဲ မဟုတ်ပါဘူး အကို့ကို နားလည်ပေးပါနော် " အာကာတောင်းပန်သော်လည်း..တိမ်လွှာမှာ

" ခင်ဗျား....ဘယ်တော့မှ ကျတော့ရှေ့မှာ မပေါ်လာစေနဲ့.. ခင်ဗျားကို ကျတော် မုန်းတယ်.. ဘာလဲကျတော် ရင်ဖွင့်လိုက်တာနဲ့ ကျတော့ခင်ဗျားကိုပြန်ချစ်လာမယ် ထင်နေတာလား ဟွန့် ဒါဆိုရင်တော့ sry ပဲ...ကျတော် အခွင့်အရေးသမားတွေကိုမုန်းတယ်ဗျ.. "

ပြောပြီးသည်နှင့် ကားဖက်ကိုထွက်လာခဲ့သည်။ သိုသော် အာကာရဲ့အပြောကြောင့် ခြေလှမ်းများရပ့်တန့်သွားခဲ့သည်။

"ညီ..အကို အခွင့်အရေးယူတာမဟုတ်ပါဘူး..ညီအထင်လွဲသွားတာပါ အကိုညီ့ကိုတကယ်ချစ်တာပါ.. ညီတစ်ယောက်ပဲတစ်ဖက်သတ်ချစ်နေရတာမဟုတ်ပါဘူး အကိုလဲ
ညီ့ကိုတစ်ဖက်သတ်ချစ်နေရတာပါ..တစ်ဖက်သတ်အချစ်ကို ညီလဲနားလည်မှာပါ.. ဒါပေမယ့်..ညီ သူကဆိုင်သူရှိတဲ့အတွက် ညီနောက်ဆုတ်လိုက်ရင် ဒီထက်ပိုပြီးမခံစားရဘူး ညီ..အကိုဒီတစ်ခုတော့ပြောခဲ့မယ်နော်...ကိုယ်မပိုင်ဆိုင်ရတဲ့အရာကို အဝေးကငေးကြည့်နေရတာက ကောင်းတယ်ဆိုပေမယ့်..ကိုယ့်အတွက်ပူလောင်တယ်ညီ..တနေ့ပိုင်ဆိုင်ရမှာဆိုတဲ့စိတ်နဲ့ တကယ်ပိုင်ဆိုင်ရမယ့်အရာတွေကို စွန့်လွှတ်ရတတ်တယ်...ဒါကြောင့်ကိုယ့်တကယ်ပိုင်ဆိုင်ရမယ့်အရာကို ငေးကြည့်နေတဲ့အရာနဲ့ မလဲလှယ်လိုက်ပါနဲ့ ညီရယ်..ကိုယ်တောင်းပန်ပါတယ်"

အာကာရဲ့ အပြောကြောင့် တိမ်လွှာရဲ့အဖြေမှာ

"တနေ့ အမှန်တကယ် ကျတော်ပိုင်ဆိုင်ရမယ့်အရာရှိလာခဲ့သူရှိရင်တောင့် အဲ့လူကခင်ဗျားမဟုတ်တာတော့သေချာတယ် "(ပြောရက်လိုက်တာဗျာ)

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now