❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 15

430 19 1
                                    

🔶 Unicode version 🔶

သုတတို့တောင် ကျောင်းတွေပြန်ဖွင့်တော့မယ်.....

"ကလေး...ဘယ်နေ့ကျောင်းအပ်မှာလဲ "

"................."

တစ်ဖက်မှ ဖြေသံမကြားတဲ့အတွက်ကြောင့် တေဇာ အလုပ်လုပ်နေရာမှ ရှေ့က sofa တွေဆီလှမ်းကြည့်လိုက်တော့ သုတမှာ အိပ်ပျော်နေရှာသည်။ ခုရက်ပိုင်း..သုတမှာ အိမ်မှာနေရတာ ပျင်းတယ်ဆိုပြီး မိမိcompany ကိုလိုက်လာတာ တစ်ပတ်ပင်ပြည့်တော့မည်။ အိမ်မှာကျန်ခဲ့လဲ တစ်ယောက်ထဲအပြင်ထွက်မှာစိုးရိမ်တဲ့အတွက်ကြောင့် ခုလိုလိုက်လာတာလဲ..ကောင်းပါတယ်.. တေဇာလဲ အတွေးစကိုဖြတ်ပြီး အလုပ်ထဲသာအာရုံစိုက်နေလိုက်သည်။
..
..
..
..
..
..

" အင့်...ဟင့် "

သုတရဲ့ ငိုသံသဲ့သဲ့လေးကိုကြားလိုက်ရသဖြင့် တေဇာမှာ လန့်သွားပြီး sofaနားသွားလိုက်တော့ သုတမျက်နှာမှာ ချွေးသီးလေးများနှင့် မျက်ရည် တွေကျကာငိုနေရှာသည်။

" ကလေး..ကလေး..ကလေး "

သုတခန္ဓာကိုယ်လေးကို လှုပ်နှိုးလိုက်မှပဲ သုတမှာ မျက်လုံးလေးဖွင့်လာကာ မောနေရှာသည်။

" ဟင်...ကိုကို... "(ကိုကိုတဲ့နော် 😁)

"ကလေး ရော့ ရေလေးသောက်လိုက်အုံး "

တေဇာကမ်းပေးတဲ့ ဖန်ခွက်လေးကိုလှမ်းယူကာ ရေကိုအငမ်းမရသောက်ကာ နေပုံမှာ တခုခုကိုလန့်နေသလိုပင်..

"ကလေး..အိမ်မက်ဆိုးတွေမက်လို့လား ?"

".............."

"ဘာမှမတွေးနေနဲ့ ကလေးကခနလေးမှေးခနဲ အိပ်ပျော်သွားလို့ စိတ်လွင့်သွားတာပါ စိတ်ထဲထားမနေနဲ့ "

တေဇာမှာ သုတကို ခေါင်းလေးပုတ်ကာ အိမ်မက်ကို မတွေးရန်ပြောပေမယ့် သုတမှာ ငူငူလေးထိုင်နေရာမှ

"မတွေးလို့ မရဘူး ကိုကို ခုအိမ်မက်ကလေ ကျတော်တစ်ကယ်ကြီး အပြင်မှာဖြစ်နေသလိုပဲ "

"ဘာအိမ်မက်မို့လဲ ကလေးရဲ့ "

"အိမ်မက်ထဲမှာလေ ကျတော့ရှေ့မှာ ကားတိုက်မှုတစ်ခုဖြစ်သွားတာ အဲ့တာကျတော်ကပြေးအသွား ကျတော်လဲကားတိုက်ခံရတယ် ပြီးတော့ ကျတော့နားမှာ ဘယ်သူမှမရှိဘူး..."

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now