🔶 Unicode version 🔶
"သား...ဘာဖြစ်လို့လဲ ဘာလို့ငိုလာတာလဲ မေမေ ကိုပြောပါအုံး "
ဒေါ်သူဇာ ဒီလိုမျိုးသာမေးနေပေမယ့် ရင်ထဲမှာမကောင်းဘူး.... ညကထဲက သက္ကရာဇ် လာမအိပ်စဖူး လာအိပ်တယ် ငိုနေထဲက မေခင် ကိုသွားမေးတော့ နိုင်ငံခြားကိုလိုက်သွားရမယ်ဆိုတာသိ လိုက်တည်းက စိတ်မကောင်းဘူး ရာစုလေးအတွက် ဒါပေမယ့် မသိခြင်ယောင်ပဲဆောင်နေရလိမ့်မယ်...
" ကိုကို... မရှိတော့ဘူး. အိမ်တံခါးကြီးလဲပိတ်ထားတယ် ခြံစောင့်ဦးလေးကြီး ကိုမေးတော့လဲ ကိုကိုတို့က မနက်အစောကြီးထဲက ထွက်သွားတာတဲ့ ဟီးးးးးး"
"အော် သားရယ် သားကြီးပြန်လာမှာပေါ့ မငိုပါနဲ့ အရေးကြီးကိစ္စ ရှိလို့နေမှာပါ "
"မသိဘူး...မသိဘူး ပြောတော့ သားကိုမထားခဲ့ဘူး ဆိုပြီးခုတော့ ကိုကိုက ထားခဲ့ပြီး ဟီးးး ဟင့်......"
ရှိုက်ကြီးတငင်ငိုနေတဲ့ သားကိုချော့ရုံမှလွဲလို့ ဒေါ်သူဇာလဲ ဘာမှမတတ်နိုင်ခဲ့ဘူး....* လူတွေဆိုတာ တနေ့ခွဲရမှာပဲသားရယ်... ရေစက်ပါရင်တော့ ပြန်ဆုံမှာပေါ့ မေမေလဲ သားကြီးကို သတိရတယ် *
☀.....🌧.....🌨......
"မေမေရေ....မေမေ သားဆယ်တန်းအောင်တယ် "
သားရဲ့အပြောကြောင့် အထည်ရောင်းနေရာမှ
"မေမေ သိပါတယ် သားကစာတော်တဲ့သူပဲ အောင်မယ်ဆိုတာသိပြီးသား ဒါနဲ့ အပိုဆောင်းလေးရော မပါဘူးလား "
"ပါတာပေါ့ မေမေရဲ့ 2ခုပဲ ပါတယ် စိတ်မကောင်းတော့မဖြစ်ပါနဲ့ မေမေ (ကိုယ်တုန်းက အပိုဆောင်းတောင်မပါဘူး 😁)"
"ဟယ်...နှစ်ခုလဲ နည်းလား သားရဲ့ ဝမ်းသာလိုက်တာ သားကြီးသာရှိရင် အရမ်းပျော်မှာပဲ " ဒေါ်သူဇာ လွတ်ခနဲ ပြောမိပြီးမှ ရာစုမျက်နှာလေး ညှိုးသွားတာကို သတိထားမိလိုက်တယ် ဒါပေမယ့် နောက်ကျသွားပြီ
"မေမေ သားအိမ်ပြန်တော့မယ် မေမေ ပြန်လာရင် သားအတွက်မုန့်ဝယ်ခဲ့ပေးအုံး "
" Aa မေမေ ပြန်လာရင် သားကြိုက်တဲ့ဟင်လဲချက်ကျွေးမယ်.. သားကြိုက်တဲ့မုန့်တွေလဲဝယ်ခဲ့မယ် နော် "
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ