🔶 Unicode version 🔶
"ကျွန်တော်ဘယ်ရောက်နေတာလဲ..ခြေထောက်တွေကလဲ လှုပ်မရဘူး "
"မင်းဆေးရုံရောက်နေတာပါ...ခြေထောက်တွေကလှုပ်မရတာက..မင်းဆေးရုံမှာ လှဲနေတာကြာလို့ပါ"
"ကျွန်တော် က ဘာလို့ဆေးရုံရောက်နေတာလဲ "
ဒေါက်တာလေးပြောစရာစကားတွေဆွံအသွားတယ်..
"မင်း....ဘာမှ မမှတ်မိဘူး.."
"မင်းနာမည်ရော မှတ်မိသေးလား "
နာမည်ဆိုပြီးသံယောင်လိုက်ရွတ်နေပြီး...ကြောင်တောင်တောင်လေးနဲ့
"နာမည်ဆိုတာဘာလဲဟင်..စားစရာလား..ကျွေးအုံး ဗိုက်ဆာလို့ "
ကောင်လေးရဲ့ အပြောကြောင့် ဆရာမတွေကရယ်နေကျတယ်ကျွန်တော်လဲပြုံးမိသွားတယ်...ဟုတ်တာပေါ့ ဒီကောင်လေးဗိုက်ဆာနေမှာပေါ့ 2 လတောင် အိပ်ရာထဲလှဲနေရတာ...ဒါနဲ့
"ဆရာမ.. သူစားဖို့ အစာပျော့ပျော့လေးတစ်ခုခု စီစဥ်ပေးလိုက်ပါ "
ဆရာမကိုမှာပြီူတာနဲ့ ကောင်လေးဘက်လှည့်ပြီး
"မင်းမနက်ဖြန်ကစပြီး လမ်းပြန်လျောက်လို့ရအောင် လေ့ကျင့်ခန်း လုပ်ရမယ်နော်.. ဒီနေ့တော့ ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးနေလိုက်အုံး ...ပြီးရင်ဆရာမ မင်းကိုစားစရာလာပေးလိမ့်မယ်"
" ဟုတ်ကဲ့....ဟီးးးး"
မိမိပြောတဲ့စကားကို....မျက်လုံးလေးအဝိုင်းသားနဲ့ ကြည့်ပြီး ပြန်ဖြေရင်း သွားလေးတွေပေါ်အောင်ရယ် ပြနေပုံမှာ ချစ်စရာလေး....*အော်... မင်းက ရာစု ဆိုတဲ့နာမည်လေးနဲ့ လိုက်တယ် ချစ်ဖို့ကောင်းတဲ့ အရာတွေကမင်းဆီမှာ စုပြုံရှိနေတာပဲ (ကလေးက ပိုင်ရှင်ရှိတယ်နော် ဒေါက်တာလေး 😁)
"ဒီနေ့...ဟိုကောင်လေးလေ့ကျင့်ခန်း လုပ်ရမှာပဲသွားကြည့်အုံးမှ..."
ဒေါက်တာလေး..တစ်ကိုယ်ထဲရေရွတ်ရင်းထွက်လာခဲ့တယ်။ အခန်းတခုအရှေ့ရောက်တော့...
" ဒေါက်တာလေး....အဖွားဆေးရုံကဆင်းလို့ရလား "
ဖွားခင်ဆေးရုံကဆင်းရအောင် ပြောမို့အထွက် ဒေါက်တာလေးတစ်ဦးနဲ့ တွေ့လို့ မေးလိုက်တယ် စိတ်ထဲကလဲ * ဒေါက်တာလေးကငယ်သေးတာပဲ*
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
רומנטיקהပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ