❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 30 Final ( Completed)

1.2K 32 0
                                    

🔶 Unicode version 🔶

"ဗျာ...ရာစုနှစ်! "

တိမ်လွှာမှာ အံ့သြနေခဲ့ရသည်။

"ဒါ..ဒါဆို..ငါသွေးလှူခဲ့တဲ့သူက သုတပေါ့ ကံတရားရယ်...ငါ့နားမှာတစ်ချိန်လုံး ရှိနေခဲ့တဲ့သူက ငါအရမ်းသိချင်နေတဲ့သူ...ငါအရမ်းတွေ့ချင်နေတဲ့သူ.. ငါသွေးလှူခဲ့တဲ့သူလား....သုတရယ် ငါသာအစောသိခဲ့ရင်... ခုတော့ မင်းကိုဘယ်မှာသွားရှာရမလဲ..သုတရယ်.."

တိမ်လွှာမှာတစ်ကိုယ်ထဲရေရွတ်ကာ...ငိုနေခဲ့သည်။ အာကာမှာလဲ တိမ်လွှာကိုချော့ကာ

" ညီ မငိုနဲ့...ကိုယ်.. သူနေတဲ့ရွာကိုသိတယ်...ကိုတို့ လိုက်သွားမယ်လေနော်..."

"ဟင်...တ..တကယ်သိတာလား ဘယ်မှာနေတာလဲဟင်.."

" omm ကိုယ်အရင်က တွဲဖက်တာဝန်ကျဖူးတဲ့ ရွာလေးပဲ "

"အဲ့..အဲ့တာဆို...လိုက်သွားမယ်လေ အခုလိုက်သွားမယ်လေနော်... "

" ဟုတ်ပြီ...လိုက်သွားမယ် ဒါပေမယ့် နက်ဖြန်မှသွားမယ် ကိုယ်ခွင့်ပြောရအုံးမယ်..ပြီးတော့ သူကကိုယ်တို့ကိုမမှတ်မိဘဲ...အတိတ်ကိုသတိရပြီး ပြန်သွားတာဆိုတော့ ကိုယ်တို့သွားခေါ်ရင် ပြန်လိုက်ပါ့မလား...သူလက်ခံနိုင်လောက်တဲ့အထိရှင်းပြပြီး ခေါ်လာရမှာလေ ဒါတောင် သူယုံကြည်ပြီး လိုက်မှနော် အဲ့တာကြောင့် ကိုယ်တို့ဘက်က ပြင်ဆင်ပြီးမှ လိုက်သွားမယ်လေ နော် "

"ဟုတ်ကဲ့...အာ့ဆိုလဲ ကိုတေဇာဆီသွားမယ်"

တေဇာကတော့ အိပ်ရာပေါ်မှာ အေးချမ်းစွာ အနားယူလျှက်ပင်... သူသာခုချိန်နိုးနေရင် သုတ ပျောက်သွားတဲ့အတွက် ရင်တွေပူလောင်နေမှာအမှန်ပင်...

"အကိုရယ်...ကံကြမ္မာက အကိုတို့နှစ်ယောက်ရဲ့ အချစ်တွေကို စမ်းသပ်နေသလားပဲနော်...စိတ်ချပါအကို...တိမ်လွှာ ငသုကို အကိုသတိရတာနဲ့အနားမှာမြင်စေရပါ့မယ်အကို..."

တေဇာလက်လေးကို ကိုင်ကာ စကားတွေပြောနေသော တိမ်လွှာမှာ မျက်ရည်တွေကျနေသလို....ဘေးမှ အာကာနဲ့ သီဟမှာလဲ တိတ်တဆိတ် မျက်ရည်တွေကျနေခဲ့ရသည်။ ကေသီမှာတော့ အခန်းပြင်ထွက်ကာ ရှိုက်ငိုနေပါတော့သည်။
.
.
.
.
.
.
.
.

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now