❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 21

362 20 0
                                    

🔶 Unicode version 🔶

" တိမ်..လွှာ..ဆက်.. ဒါဘာလုပ်နေတာလဲ ဟမ် ?"

" ဟင်...ဖေဖေ? "
.
.
.
.
.
.
.

"ဝုန်း...."

ဖခင်ရဲ့ စောင့်တွန်းလိုက်တဲ့ ဒဏ်ကြောင့် တိမ်လွှာမှာ ဧည့်ခန်းက စာပွဲခုံနဲ့တိုက်ကာ ပစ်လဲကျသွားသည်။
ဒေါ်သန္တာလဲ အိမ်ရှေ့ကအသံကြားသဖြင့် မီးဖိုခန်းမှထွက်လာခဲ့သည်။

"ဟယ်...သားလေး..ကိုမာန်ဆက် ကလေးကို ဘယ်လိုလုပ်လိုက်တာလဲ "

ပြောလဲပြော သားကိုပြေးထူလေသည်။ တိမ်လွှာမှာ ခုံစောင်းနဲ့ နဖူးတိုက်မိပြီးသွေးထွက်သွားရလေသည်။

" ဟင့်...မင်းသားလုပ်ပုံကဟုတ်ရောဟုတ်ရဲ့လားလို့ မေးကြည့်အုံး... ငါတို့မှာ တစ်ဦးတည်းသောသားမို့ အရာရာအလိုလိုက်ခဲ့သမျှ မင်းကဒီလိုကျေးဇူးဆပ်လိုက်တာလား ဟမ် "

"ရှင်ဘာတွေပြောနေတာလဲ... သန္တာတော့ တစ်ခုမှနားမလည်ဘူး ပြောပြပါအုံး ဘာဖြစ်လာတာလဲ ဆိုတာ "

"အဲ့ကောင်သာ မေးကြည့်တော့ ပြောလိုက်လေ မင်းအမေကို ဘာလဲ ခုကြ ​ေ-ာက်အဖြစ်သွားပြီလား ဟမ် ငဆက် "

"ရှင် ကလေးကို ဘယ်လိုစကားတွေပြောနေတာလဲ သား မေမေကိုပြောပြပါအုံး "

"ဟျောင့် ပြောလိုက်လေ ခုမှမထုံတတ်တေးလာလုပ်မနေနဲ့ ဟာ... ခွပ် "

ဦးမာန်ဆက်လဲ စိတ်တိုတိုနဲ့ ဆွဲထိုးပစ်လိုက်သည်။ တိမ်လွှာသိတယ် ဒါ ဖေဖေအရမ်းစိတ်ဆိုးနေလို့ မိမိကိုလက်ပါခြင်းဖြစ်တယ်ဆိုတာ တိမ်လွှာလဲ ဘယ်ကစပြောရမှန်းမသိတော့ပေ....ငိုနေရုံကလွဲလို့သာ...

" တော်ပြီး ရှင်..သားကို လက်ပါစရာမလိုဘူး...သားအခန်းထဲ သွားတော့ သွား သားနားလိုက်အုံး.."

မေမေက အခန်းထဲသွားခိုင်းတာနဲ့ တိမ်လွှာလဲ အပေါ်ထပ်ပြေးတက်ကာ မိမိအခန်းထဲဝင်၍ ငိုနေလိုက်သည်။

"ဘာဖြစ်လာတယ်ဆိုတာ သန္တာကို စိတ်အေးအေးထါးပြီးပြောပြပါ... ကိုမာန်ရယ်... ဒေါသကိုရှေ့တန်းမတင်ပါနဲ့ သားလေး ဘယ်လောက်တောင်ဝမ်းနည်းသွားမလဲ "

" မင်း သူ့လုပ်ရပ်ကို ကြားရင် ဒီစကားပြောနိုင်မှာမဟုတ်ဘူး "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now