❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 11

442 18 2
                                    

🔶 Unicode version 🔶

"ဘယ်ကရာရာလဲ...အိမ်မှားနေတာဖြစ်မယ် "

ရာရာရဲ့အပြောကြောင့် တေဇာမှာ ဆွံအသွားပြီး သူ့ကိုမုန်းနေတုန်းမို့..ခုလိုပြောတယ်အထင်နဲ့

" ကိုယ်လေ...သက္ကရာဇ် လေ မမှတ်မိဘူးလား "

"ဟင့်အင်း... ခင်ဗျား..အိမ်မှား ဝင်လာတာပဲ ကျတော့အသိထဲမှာ အဲ့လို နာမည်မရှိဘူး..သွားပါပြီ..သွားပါပြီ..ပထမဦးဆုံးရေလောင်းတဲ့သူ ငါ့ဖူးစာဖက်ဆိုကာမှ လူမှားပြီး လောင်းခံရတယ်လို့"

သုတရဲ့အပြော​ကြောင့် တေဇာမှာ မအောင့်နိုင်ပဲ ထရီလိုက်ပြီး..
"အဲ့တာဆို ကိုယ်ကမင်းရဲ့ဖူးစာဖက်ဖြစ်သွားပြီ "

"ဆုတောင်းလေ..ဟွန့်..ပိုင်စိုးပိုင်နင်းနဲ့ သူများအိမ်လဲလာသေးတယ် "

သုတရဲ့ စွာစွာနဲ့ အသံကြောင့် ဖွားခင်နဲ့ ဇာခြည်မှာ ပြေးထွက်လာတော့

"ဟင်....မြေး..မြေးကြီး "
"ကိုကိုလေး..."

ဖွားခင်နဲ့ဇာခြည်ထံမှ သံပြိုင်ထွက်တဲ့ အသံကြောင့် သုတမှာ ဖွားခင်နားပြေးသွားပြီး

" ဖွား..သူကဘယ်သူလဲ ဖွားရဲ့အသိလား ''
သုတရဲ့ အမေးကြောင့် ဖွားခင်မှာ

" မြေးကြီး...ဘယ်လိုကြောင့်..မြန်မာပြည်ရောက်နေတာလဲ...ဖွားကိုလဲအသိမပေးဘူး..ဘယ်တုန်းကရောက်တာလဲ..ဟိုမှာအဆင်မပြေလို့လား "
တရစပ်မေးနေသောဖွားခင်ရဲ့ တေဇာမှာ ဘယ်ကနေစဖြေမှန်းမသိ...သုတမှာလဲ ဖွားရဲ့ မြေးကြီးဆိုတဲ့အခေါ်ကြောင့် ပြူးကြောင်စွာ ကြည့်မိနေသည်။

"ဖွား...အိမ်ထဲအရင်ဝင်ရအောင်လေ..အိမ်ထဲရောက်ရင်ကျတော် အကုန်ပြောပြပါ့မယ်ဗျာ..လာ..ဖွား..''

ခုမှရောက်လာပြီး ဖွားဆိုတာကလဲပါးစပ်ကမချဘဲခေါ်နေတာ ဖွားကလဲထိုလူတွဲခေါ်သွားတာနဲ့ မိမိကိုမေ့ကာပင်ထိုလူခေါ်တာနဲ့အိမ်ထဲကိုလိုက်ဝင်သွားတာကြောင့် စိတ်ထဲမှာ ဝမ်းနည်းစိတ်ကလှိုက်လာကာ မျက်ရည်လေးဝဲဝဲနဲ့ပင် နေရာမှာရပ်ကျန်ခဲ့သည်။ (ခလေးက စိတ်အားငယ်တတ်ပါတယ်ဆို 😢)

ဖွားခင်လဲ တေဇာတွဲခေါ်တာနဲ့ အိမ်ထဲဝင်လာပြီး ဧည့်ခန်းမှာထိုင်ကာ တေဇာမြန်မာပြည် ပြန်လာတဲ့အကြောင်းကိုသိချင်ဇောနဲ့မေးမြန်းရာ သုတလေးကို တကယ်ပင်မေ့သွားခဲ့သည်။ (ဟယ်ဖွားကလဲ ခလေးကိုမေ့ရက်ပါ့)

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now