❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 9

454 21 3
                                    

🔶 Unicode version 🔶

ညရောက်သော်....

မိမိမှာ party ပွဲတွေ သိပ်မတက်ဖြစ်သောကြောင့် နည်းနည်းတော့ ရှိန်နေသော်လဲ company ရဲ့ CEO တစ်ယောက်အနေနဲ့ တည်ငြိမ်စွာပင် ပွဲထဲ ဝင်ခဲ့သည်။

" ဟာ မောင်တေဇ ပွဲကိုလာတဲ့အတွက်ဝမ်းသာတယ်"

"ဟုတ်ကဲ့ လာရမှာပေါ့ဗျာ.. ရှယ်ရာရှင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး တက်တဲ့ပွဲဘဲ ကျတော်လဲ ကိုယ့် ဝန်ထမ်းတွေနဲ့ရင်းနှီးတာပေါ့ "

"ဟုတ်တာပေါ့ဗျာ ဒါဆို.. Cheers ဗျာ "

ထို့နောက် အလုပ်ကိစ္စတွေပြောကျရင် သောက်လိုက်တာ 3 ခွက်တောင်သောက်မိသွားတယ်
မိမိမှာ ငယ်သေးသော်လည်း အခုလိုပွဲမျိုးတွေအတွက် သောက်နိုင်အောင်ကျင့်ထား
သောကြောင့် မမှောက်သွားတာ နောက် waiterလေးတစ်ယောက်မှ.. ရှယ်ယာရှင်တစ်ယောက်မှ ဂုဏ်ပြုလို့တိုက်ခိုင်းတာဆိုပြီး မိမိကိုရှန်ပိန် တ်ခွက်လာပေးသည်။ မိမိလဲ သူညွှန်ပြတဲ့သူကိုကြည့်လိုက်တော့ နောက်ပဲမြင်ရပြီး သူလဲ အရေးကြီးကိစ္စ ရှိလို့ အလောတကြီး
ထွက်သွားတယ်ထင်ပြီး သောက်လိုက်မိတယ်...အဲ့နောက်တော့ ခေါင်းထဲမှာရီဝေဝေ ဖြစ်လာပြီး..မိမိကို လူတစ်ယောက်ဆိုတာထက် မိန်းကလေးတစ်ယောက်က တွဲထားလေသည်။

" ကိုကို ဒီညကျော်ပြီး မနက်ဖြန်ဆို မိုးရဲ့ ယောကျာ်းဖြစ်ပြီ..ဟင်း.. " တေဇာရဲ့ အင်္ကျီကိုချွတ်ကာ မိမိအတွေးဖြင့် မိမိပျော်နေသည်..

မနက်ရောက်သော်...

" အား....ကျွတ်..ကျွတ်...." ခေါင်းထဲမှာရီဝေဝေ ဖြစ်နေသောကြောင့် ညီးညူပြီး တေဇာ အိမ်ရာမှထလာပြီး..ဘေးဘီကို ဝေ့ကြည့်လိုက်တော့ မိမိ အခန်းမဟုတ်မှန်းသိလိုက်သည်။ နာရီကိုကြည့်လိုက်တော့ 9:30 ရှိနေပြီ..ခေါင်ထဲလဲ နောက်ကျိကျိ ဖြစ်နေတာနဲ့ ရေချိုးခန်းအတွင်းသို့ ဝင်လာပြီး ရေပန်းဖွင့်ကာ ရေပန်းအောက်မှာ ရပ်လိုက်ပြီးညကအကြောင်းကိုပြန်စဥ်းစားနေလိုက်တယ်..ခေါင်းထဲမှာ....

မိမိကို waiter လေးနဲ့ ရှန်ပိန်ခွက်ကို ဂုဏ်ပြုတဲ့အတွက် တစ်ယောက်ပေးခိုင်းသောကြောင့် ယူသောက်တယ်...ပြီးတော့ခေါင်းထဲမှာ ရီဝေဝေဖြစ်လာပြီး..မိန်းကလေးတစ်ယောက်က တွဲထားပုံတွေကို တရိပ်ရိပ်ပြန်ပေါ်လာရော....ဒါပေမယ့် မိမိနိုးလာတော့ မိမိဘေးတွင် မည်သူမှရှိမနေဘဲ တစ်ယောက်ထဲသာဖြစ်နေသောကြောင့်

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now