❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 29

395 16 0
                                    

🔶 Unicode version 🔶

"ဟက်...နင်ပြောနေတာ နင်ကအပြစ်မလုပ်ထားသလို လေသံနဲ့ပါလား.. "

" ကျတော် တကယ်ခင်ဗျားကို ဘယ်တုန်းကမှမယုတ်မာဘူးဖူး "

"နင့် Sပါးစပ်ပိတ်ထား ဟမ်..နင်ငါ့ဘဝကိုဖျက်ဆီးခဲ့သလို ငါလဲနင့်ဘဝကို ဖျတ်စီးပြမယ် နာကျင်မှုတွေပေးမယ်... နင်တစ်ဘဝလုံးအရှက်ရအောင် လုပ်ပစ်မယ် နင့်ငါ့ဆီက ကိုတေဇာကိုယူသွားသလို သူ့ဘဝထဲကနင်ထွက်သွားရအောင် ငါလုပ်ပစ်လိုက်မယ်... "

မိုးပွင့်ဖြူ ရဲ့အပြောကြောင့် သူ့ဘဝဖျတ်စီးခံရတယ်ထင်ပြီး သုတကို လက်စားချေမှန်း တိမ်လွှာသိခဲ့ရသည်။

အမှန်မှာ သုတကဒီကိစ္စတွေကိုလုပ်ခဲ့တာမဟုတ်ဘဲ မိမိမှာ သုတအားမိုးပွင့်ဖြူကြံစည်မှုကိုသိရပြီး မိမိပြန်လုပ်ခဲ့ခြင်းပင်ဖြစ်သည်။ မိုးပွင့်ထင်သလို သူ့ဘဝလဲမပျက်ခဲ့ကြောင်းကိုတော့ တိမ်လွှာမှာရှင်းပြ ခွင့်မရပေ...ပါးစပ်ကိုပိတ်ထားသောကြောင့်ပင်....

" သူ့ကိုရိုက်နှက်ကြစမ်း "

မိုးပွင့်ဖြူ ပြောလိုက်တာနဲ့ ရပ်နေတဲ့လူနှစ်ယောက်က မိမိရဲ့ ဝမ်းဗိုက်ကို သဲအိတ်သဖွယ်ထိုးကြိတ်ကြသည်။
ပြီးလျင် ကြိုးကို ဖြုတ်ချလိုက်သဖြင့် အောက်ကိုအရှိန်နဲ့ ပြုတ်ကြပြီး ထပ်မံ ကန်တာကိုခံရပြန်သည်။ နောက်ဆုံးတွင်တော့ မိမိမျက်လုံးထဲမှာ တိမ်လွှာရုန်းကန်နေတာကိုသာ နောက်ဆုံးမြင်လိုက်ရသည်။

တိမ်လွှာမှာလဲ မိမိရှေ့တွင် သုတအားရိုက်နှက်နေသည်ကို ကြည့်နေရုံအပါးမကူညီနိုင်သဖြင့် ဝူးဝူးဝါးဝါးသာအော်နိုင်သည်။

* သုတခုလိုပုံကို ကိုတေဇာမြင်ရင်တော့ ခင်ဗျားမလွယ်ဘူး မိုးပွင့်ဖြူ *
.
.
.
.
.

တေဇာလဲ သီဟလှမ်းပြောတဲ့ စက်ရုံဟောင်းတွေဘက်ထွက်ခဲ့သည်။ ရဲကိုအကြောင်းကြားပြီး နောက်မှလိုက်ခဲ့ရန်လဲ သီဟကိုမှာကာ.....

သုတတစ်ကိုယ်လုံးနာကျင်ကာလေးလံနေပြီး ကျောနဲ့မာတဲ့အရာ တစ်ခုကပ်နေသဖြင့် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ မိမိမှာစားပွဲခုံ အလတ်တစ်ခုပေါ်တွင် ပက်လက်အနေထားဖြင့် ကြိုးချည်ခံထားရပြီး ငဆက်ကိုရှာကြည့်တော့ တိုင်မှာကြိုးချည်ခံထားရတုန်းပဲ.....

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now