❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 17

403 22 1
                                    

🔶 Unicode version 🔶

"အရမ်းချစ်တယ် ကိုကို "

"ဒါဆို..ဒီညကိုကိုနဲ့  လာအိပ်ပါလားဟင် "

"ဟမ်...😲 ဘာ..ဘာလို့လဲ အဖြေပေးလိုက်တာနဲ့"

သုတမှာပြောလဲပြော ကုတင်ပေါ်ကလဲဆင်းပြေးကာ အခန်းဒေါင့်မှာသွားကပ်နေသည်။

"ကလေး...ကိုယ်က ကလေးကိုဖက်အိပ်ခြင်လို့ပါ ဘာတွေတွေးနေတာလဲ "

တေဇာအပြောကြောင့် သုတမှာ မိမိအတွေးကိုသာအပြစ်တင်ပြီး

"ဟို..ဟို ကျတော်ကဘာမှမတွေးပါဘူး ရုတ်တရတ် ဆိုတော့လန့်သွားလို့ပါ ရေသွားချိုးတော့မယ် "

ပြောပြီးသည်နှင့် မိမိအခန်းဘက်ကိုပြေးလာခဲ့သည်။ ဒါပေမယ့် တေဇာရဲ့အသံကမိမိနောက်နားမှကပ်ပါ လာကာ ကြက်သီးပင်ထခဲ့ရသည်။

"ကလေး....စိတ်ပါရင် ကလေးအတွေးကိုအကောင်အထည်ဖော်လိုက်မယ်လေ"

တေဇာမှာ အော်​ပြောကာ တစ်ယောက်ထဲရီနေခဲ့သည်။
*ကလေးရယ် ရှက်သွားတဲ့ပုံလေးကလေ အရမ်းချစ်ဖို့ကောင်းတာပဲ * တွေးကာ ရေချိုးခန်းဝင်ခဲ့သည်။
.
.
.
.
.
.
.
တေဇာ ညစာစားရန် ထမင်းစားပွဲမှာ ဖွားခင်နဲ့ သုတကိုထိုင်စောင့်နေသည်။ လာမယ်ပြောပြီး ခုထိမရောက်လာသေးဘူး တေဇာစိတ်မရှည်တော့တာနဲ့ သွားခေါ်ရန်အထ ထမင်းစားခန်းထဲကို အပေါ်ကအဖြူ အောက်ကကြက်သွေးရောင် ညအိပ်ဝတ်စုံလေးဝတ်ကာ ရှေ့ဆံပင်လေးကို ကြည်တောင်စီးထားပုံမှာ တကယ်ချစ်စရာလေ တေဇာလဲ ငေးနေရာမှ သုတရဲ့အပြောကြောင့် အသိဝင်လာသည်။

"ကိုကိုက စားပြီးသွားပြီလား ကျတော်ကိုတောင် မစောင့်ဘူး "

"အာ...မဟုတ်ပါဘူး ကိုယ်က ကလေးကိုလာခေါ်မို့ထလာတာပါ"

"ခုရောက်ပြီလေ....လာ ထမင်းစားမယ်"

ဒီနေ့ညနေထမင်းဝိုင်းလေးကတော့ကိုယ်စီအတွေးတွေဖြင့်တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားခဲ့သည်။

ဒီနေ့ သုတကျောင်းပြန်တက်တဲ့ရက်ပင်ဖြစ်သည်။ တေဇာမှ ကျောင်းလိုက်ပို့ကာ

"ကလေး ညနေကျကိုကို လာကြိုမယ်နော် နေ့လည်စာကို အပူအစပ်တွေမစားရဘူးနော် "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Dove le storie prendono vita. Scoprilo ora