🔶 Unicode version 🔶
သုတတို့ ကျောင်းတွေပြန်တက်နေရပြီ...တိမ်လွှာလဲ သုတနဲ့ အတူကျောင်းပြန်တက်ရတယ်... တိမ်လွှာဖေဖေလဲ ကား accident တစ်ခုဖြစ်ပြီး အသက်တော့ မစိုးရိမ်ရပေမယ့် အောက်ပိုင်းက ထိုင်ခုံနဲ့ ညှပ်ပြီး အကြောသေသွားတယ်... မတော်တဆဖြစ်မှုကြောင့် ကိုအာကာက ဦးမာန်ဆက် နဲ့အဆင်ပြေခဲ့တယ် 😁 ခုလဲ နိုင်ငံခြားမှာ အာကာအဖေရဲ့ သူငယ်ချင်း ဆရာဝန်ဆီမှာ သွားကုနေရတယ်..... ဒါကြောင့် ကိုအာကာနဲ့တိမ်လွှာတို့ရဲ့ အချစ်ခရီးလမ်းလေးက ပြန်ပြီးဖြောင့်ဖြူးသာယာခဲ့တယ်...
" သုတ စနေနေ့ ရုပ်ရှင်သွားကြည့်ရအောင်လေ "
"................"
"သု....တ ငါပြောတာကြားလား "
ဘာတွေတွေးနေမှန်းမသိတဲ့ သုတကို စိတ်မရှည်တာနဲ့ တိမ်လွှာလဲ အနားနားကပ်ကာ အော်ခေါ်လိုက်လေသည်။
"အောင်မလေး လန့်တာကွာ မင်းကလဲ တိုးတိုးပြောပါ ငါကြားပါတယ် "
"မင်းကို တိုးတိုးလေး ခေါ်နေတာပဲ မင်းမှမကြားတာ ဘာတွေတွေးနေလဲမှမသိတာ မပြောခြင်ဘူး ကျောင်းတက်ချိန်ပဲ ခွဲရတာ အဲ့လောက်အဖြစ်သည်းမနေနဲ့ "
"ငါ ကိုကို အကြောင်းတွေးနေတာမဟုတ်ပါဘူးကွာ မင်းကလဲ"
"မင်းက ကိုတေဇာအကြောင်းမတွေးရင် နောက်ထပ်တွေးရမယ့်သူရှိနေပြီပေါ့ ဟုလား "
"Omm...."
"ဟမ်...ဘယ်သူလဲ "
" မိုးပွင့်ဖြူ "
"ဘာ...."
တိမ်လွှာရဲ့ ဘာဆိုတဲ့အသံကျယ်ကြီးကြောင့် ဒုတိယအကြိမ် သုတမှာ လန့်သွားရပြန်သည် ။
" ဟာ မင်းကလဲတိုးတိုး အော်ပါ "
" အေးပါကွာ အံ့သြသွားလို့ပါ "
" မင်းအံ့သြတာကလဲ Canteen တစ်ခုလုံး ကြည့်နေပြီ "
တိမ်လွှာလဲ သုတပြောလို့ ဆိုင်ထဲမျက်လုံးဝေ့ကြည့်လိုက်တော့ ဆိုင်းအတွင်းကရော အပြင်ဝိုင်းတွေကပါ မိမိတို့ ဝိုင်းကို လှမ်းကြည့်နေကြလေသည်။ တိမ်လွှာလဲ ရှက်သွားတာနဲ့ သုတဘေးကို ခုံတိုးကာ
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ