❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 7

507 22 2
                                    

🔶 Unicode version 🔶

ရာရာလေး အိပ်ရာက နိုးတာနဲ့...မျက်နှာသစ်သွားတိုက်ပြီး မနက်စာစားရန်အတွက်...အောက်ထပ်ကိုဆင်းရန်ပြင်ဆင်လိုက်သည်။

"ဟုတ်တယ် ဒီအင်္ကျီက ခေါင်းစွပ်လဲပါတယ်..ပြီးတော့မျက်နှာလဲ လုံတယ် " တစ်ယောက်ထဲပြောဆိုပြီး..အောက်ထပ်ဆင်းခဲ့သည်။

"မြေးလေး မနိုးသေးဘူးလား..ဇာခြည်..မြေးလေးကို သွားနိုးပါအုံး..."

ဖွားခင်ရဲ့ အပြောကြောင့် ဇာခြည် ကိုကိုလေးကိုနိုးရန်
မနက်စာ ပြင်နေရာမှ သွားရန်လုပ်နေစဥ် ထမင်းစားခန်းထဲသို့..လူတစ်ယောက်ဝင်လာခဲ့လေသည်။ ဇာခြည်မှာ လန့်သွားပြီး..မုန်းလှီးတဲ့ ဓားကြီးကိုင်ကာ

"ဘယ်.....ဘယ်သူလဲ..ဘာလုပ်မလို့..ဝင်လာတာလဲ...ဓားပြ..ဓားပြတိုက်မို့လား." ဆိုပြီး အထစ်ထစ်အငေါ့ငေါ့ မေးသော်လဲ ထိုသူမှာ ပြန်မဖြေပဲ ရပ်နေသောကြောင့် ဖွားခင်မှာလဲ လန့်နေရင်းနဲ့ပဲ..

"ဟို...ဟို..ဖွားများလိုအပ်လို့လဲ..အကူအညီ လိုလို့လား.." ဖွားခင်မေးမှ ထိုလူက

" ဟို..ဟို..လက်ထဲက ဓားကြီးကိုချပေးပါလား..သားမနက်စာစားမလို့ လာတာပါ " ထိုသို့ပြန်ဖြေလိုက်မှ ဖွားခင်ရော ဇာခြည်ဆီမှ တပြိုင်ထဲ

" ဟင်...မြေးလေး/ ကိုကိုလေး ရာရာ"

"ဟုတ်တယ်....သားပါ "

"အောင်မလေးမြေးရယ် ဘာလို့ ဒီလိုကြီးဝတ်ထားတာလဲ..ပူရအိုက်ရနဲ့..."

"ဟို..ဟို..မနေ့ကလို..ဓာတ်ပုံရိုက်မှာစိုးလို့ပါ"

ဖွားခင်မှာ ရာရာလေးအပြောကြောင့် ရီရင်းနဲ့ပင်

"အော်..မြေးရယ် ဒီနေ့မရိုက်တော့ပါဘူး အဲ့တာတွေ ချွတ်ပါတော့.."

"တကယ်နော်.. "

"တကယ်ပေါ့...မြေးရယ်..စားတော့ မနက်စာတွေအေးကုန်မယ်..မြေးကြိုက်တဲ့ မုန့်ဟင်းခါးရယ် ပေါက်စီရယ် ဝယ်ပေးထားတယ်"

ဖွားခင်ပြောမှပဲ အင်္ကျီကိုချွတ်ပြီး မနက်စာ စားတော့တယ်..မနေ့က မြေးကြီးက ရာရာလေးတွေ့ခြင်တယ်ဆိုလို့ ရာရာလေး နိုးတာနဲ့ဓာတ်ပုံရိုက်တာ ပထမတစ်ပုံပဲ ရီပြီးလက်လေးနှစ်ချောင်းထောင်ထားတဲ့ ပုံရတယ် ကျန်တာက အရိုက်မခံခြင်ဘူးဆိုပြီး ပတ်ပြေးနေလေရဲ့...ကလေးကျနေတာပဲ..

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now