🔶 Unicode version 🔶
" ကလေး....တံခါးဖွင့်ပါအုံး..ကိုကို ရှင်းပြပါ့မယ်"
"လာမရှင်းပြနဲ့ မကြားခြင်ဘူး ဦးလေးကြီးကို တွေ့လဲမတွေ့ခြင်ဘူး.."
တေဇာမှာ ချော့ရန်အခက်တွေ့ရသည်။ တံခါးလဲမဖွင့်ပေးတော့ ပိုဆိုးတယ်...
" ကလေး...ခုနားမထောင်ခြင်လဲ ကိုကို ခနထွက်သွားပေးပါ့မယ် စိတ်ငြိမ်တော့မှ ကိုကို သေချာရှင်းပြပါ့မယ်..တခုတော့ပြောခဲ့မယ် ကိုကိုနဲ့သူက ဘာမှမပတ်သတ်ဘူး ကိုကို ချစ်တာ ကလေးတစ်ယောက်ပဲ "
ပြောပြီးသည်နှင့် တေဇာလဲ မိုးပွင့်ဖြူနဲ့ စာရင်းရှင်းရန်အောက်သို့ ဆင်းလာခဲ့သည်။
"မိုး..ပွင့်..ဖြူ... "
တေဇာရဲ့ အော်ခေါ်သံကြောင့် မိုး..နည်းနည်းတော့ လန့်သွားရသည်. မျက်နှာကို အငယ်ဆုံးဖြစ်အောင် ငယ်ထားပြီး မျက်စဥ်းခတ်ကာ မျက်ရည်တွေဝဲတက်သလိုမျိုး လုပ်ကာ..
"ဟုတ်...ကိုကို " ဆိုပြီးထွက်လာသည်။
"မင်းပါးစပ်ကနေ ငါ့ကို ကိုကိုဆိုတဲ့အသုံး မသုံးနှုန်းစမ်းနဲ့ ရွံလို့ "
"ဟုတ်ကဲ့ အကို "
" ဟွန့်...မင်းဘာအကြံနဲ့ ဒီကိုလိုက်လာတာလဲ ဟမ်"
"အကြံတဲ့လား...မဟုတ်ပါဘူး ဖွားကလွတ်လိုက်တာပါ ဟို..ဟို..မိုးမေမေက ဟိုမှာ ငွေတွေလိမ်လို့ ဖမ်းခံလိုက်ရလို့ပါ အကို အင့်..ဟင့်..ဟင့် "
မထွက်တဲ့မျက်ရည်ကို ညှစ်ကာငိုလိုက်သည်။ တေဇာလဲ ဖွားကလွတ်လိုက်တယ်ဆိုသောကြောင့် ဖွားကိုဖုန်းဆက်ရန်ပြင်တုန်း ဖွားဆီမှ ဖုန်းဝင်လာသဖြင့် ဖုန်းပြောရန်ထွက်ခဲ့သည်။
* ဟင့်...မိုးကို လွယ်လွယ်နဲ့ မောင်းထုတ်လို့မရပါဘူး ကိုကိုရယ်...အဟက် ကိုကိုက မိုးအပိုင်ဖြစ်စေရမယ်*
အစောထဲက ဖွားကိုဖုန်းဆက်ပြီး ငိုပြလိုက်တဲ့အတွက် မိမိအိမ်မှထွက်သွားရမည်မဟုတ်...ဖွားခင်သည် မိမိကို မြန်မာပြည်မပို့ခြင် မိမိရဲ့ မုသားတွေအလိမ်အညာစကားတွေကြောင့်သာ လွှတ်လိုက်ခြင်းဖြစ်သည်။
.
.
.
YOU ARE READING
သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete)
Romanceပထမဦးfic လေးမို့ အမှားပါရင် ခွင့်လွတ်ပါနော် Oc လေးပါ