❤ သက္ကရာဇ် ရဲ့ ရာစုနှစ် ❤ Part 4

576 25 2
                                    

🔶 Unicode version 🔶

" မြေး...ဖွား စိတ်ချမယ်နော်...ကျန်းမာရေးလဲ ဂရုစိုက်နော် "

"ဖွားရယ်....မြေးကိုစိတ်မပူပါနဲ့...ဖွားသာကျန်းမာရေးဂရုစိုက်... မတည့်တာတွေမစားနဲ့နော်..ဟိုရောက်တာနဲ့ အနားယူအုံး...ရာရာလေးကိုရှာရင်လဲလူလွှတ်ပြီးပဲရှာပါ..ဖွားကိုယ်တိုင်မလိုက်သွားပါနဲ့ ပင်ပန်းလို့ပါ နော်...ပြီးတော့ မြေးကိုလဲ သတိရနေပေးနော် အချိန်တိုင်း  ဟီးးးးး"

"အော် မြေးရယ်...သတိရနေမှာပါ..ခုတောင်လွမ်းသလိုပဲ"

"ဟာ..ဖွားကလဲ မခွဲရသေးဘဲနဲ့ စနေသေးတယ်"

"မြေး..ရဲ့ အပြုံးလေး မြင်ချင်လို့ စလိုက်တာပါ "

ဖွားခင်မှာမြေးကိုမခွဲခြင်ပေမယ့်လဲ မဖြစ်လို့သာထား
ခဲ့ရတာ စိတ်လဲမချဘူး...တော်ကြာ နွယ်သီက သူ့သမီးနဲ့ အမိဖမ်းလိုက်မှာလဲ စိုးရိမ်ရသေးတယ်။

"မြေး...ဖွား ထပ်ပြီးတော့မှာပါရစေ..ဒေါ်နွယ်သီ တို့ကို သတိထားနော်..အထူးသဖြင့် သူ့သမီး..သူတို့စိတ်ဓာတ်က company ကိုသာရရင် ဘာမဆိုလုပ်လိမ့် သတိထားနော်..."

"ဖွားရယ်..စိတ်ချပါ...သားစိတ်ကိုဖွားသိပါတယ် ဟုတ်တယ်မလား..ဖွား.."

"omm သိပါတယ် ဖွားလေယာဥ်ပေါ်တက်တော့မယ် သားလဲ ပြန်တော့လေ "

"ဖွာ....ထွက်သွားတာကိုကြည့်ပြီးမှ သားပြန်မယ်နော်...ဖွားဝင်တော့လေ သွားပါ..သာကိုစိတ်ချ..တာ့တာ..."

ဖွားမှာသူ့ကိုစိတ်မချစွာ နောက်ကိုလှည့်ကြည့် လှည့်ကြည့်နဲ့ လေယာဥ်ပေါ်တက်ရန် ဝင်သွားသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
" မာမီရေ...မာမီ "

"ဘာဖြစ်လာတာလဲ သမီးရဲ့ ဖြည်းဖြည်းပြောလဲရပါ တယ်"

" ဝမ်းသာစရာ မေမေရေ...ဟိုအဖွားကြီးလေ မြန်မာပြည်ပြန်သွားပြီတဲ့ ပျော်လိုက်တာ "

" ဘယ်အဖွားကြီးလဲ "

ဒေါ်နွယ်သီ အလှပြင်နေရင်းမှ သမီးပြောစကားကို နားမလည်စွာမေးလိုက်သည်။

"ဟာ...မေမေ ကလဲ ဒေါ်ထိပ်ထားခင်လေ ဘယ်သူရှိရမှာလဲ "

"ဟယ် တကယ်လား...ဒါဆိုမေမေတို့သူမရှိတုန်း company ကိုရအောင် ကြံစည်ရမယ် "

သက္ကရာဇ်ရဲ့ ရာစုနှစ် ❤❤ (Complete) Where stories live. Discover now